
စားသုံးသူရေးရာဦးစီးဌာန၊ မွန်ပြည်နယ်ဦးစီးမှူးရုံးအစည်းအဝေးခန်းမ၌ “ဝန်ထမ်းစွမ်း ဆောင်ရည်မြှင့်တင်ရေးသင်တန်း (၁/၂၀၂၅)” ကို (၁၃.၅.၂၀၂၅ မှ ၁၄.၅.၂၀၂၅) ထိ (၂) ရက် တိုင်တိုင် ဖွင့်လှစ်ခဲ့ရာ ပြည်နယ်ဦးစီးမှူးရုံးမှ ဝန်ထမ်းများ၊ မော်လမြိုင်ခရိုင်ရုံးမှ ဝန်ထမ်းများ၊ သထုံခရိုင်ရုံးမှ ဝန်ထမ်းများ စုစုပေါင်း သင်တန်းသား၊ သင်တန်းသူ (၂၀) ဦး တက်ရောက်ခဲ့ ကြောင်းသိရှိရသည်။
သင်တန်းဖွင့်ပွဲအခမ်းအနားတွင် စားသုံးသူရေးရာဦးစီးဌာန၊ မွန်ပြည်နယ်ဦးစီးမှူးက အဖွင့် အမှာစကားပြောကြားခဲ့သည်။ အဆိုပါ သင်တန်း၌ ဝန်ကြီးဌာနနှင့် ဦးစီးဌာန၏ Vission, Mission များနှင့်လုပ်ငန်းဆောင်ရွက်မှုအခြေအနေများ၊ နိုင်ငံ့ဝန်ထမ်းဥပဒေ၊ နည်းဥပဒေ၊ ရုံးလုပ်ငန်းဘာသာရပ်များ၊ စီမံရေးရာဆိုင်ရာဘာသာရပ်၊ ငွေစာရင်းဆိုင်ရာ ဘာသာရပ်၊ မူဝါဒလေ့လာရေးနှင့်စီမံကိန်းစာရင်းအင်းဌာနခွဲဘာသာရပ်၊ သတင်းအချက်အလက်နည်းပညာနှင့် အရည်အသွေးစီမံခန့်ခွဲရေးဌာနခွဲဘာသာရပ်၊ စားသုံးသူကာကွယ်ရေး ဆိုင်ရာဘာသာရပ်၊ ပြည်တွင်းကုန်သွယ်မှုဖွံ့ဖြိုးတိုးတက်ရေးဆိုင်ရာဘာသာရပ်၊ ဝန်ဆောင်မှုကဏ္ဍ (၃)ရပ်အား အသိပညာပေးဆွေးနွေးခြင်း စသည့်ဘာသာရပ်များအား သင်ကြားပို့ချ ခဲ့ကြောင်း သိရှိရပါသည်။
DOCA (မွန်)