ကံမမြို့တွင် အသိပညာပေး(Talk Show)ဟောပြောပွဲဆောင်ရွက်

Powered by Drupal

မကွေးတိုင်းဒေသကြီး၊ သရက်ခရိုင်၊ ကံမမြို့နယ်တာဝန်ခံသည် (၇-၄-၂၀၂၅)ရက်နေ့၊ နေ့လယ်(၁၃း၀၀)နာရီအချိန်တွင် ကံမမြို့၊ ပြန်ကြားရေးနှင့်ပြည်သူ့ဆက်ဆံရေးဦးစီးဌာန၌ စားသုံး သူများ ဘေးကင်းလုံခြုံစိတ်ချရမှုရှိစေရေးအတွက်  အသိပညာပေး Talk Show ဟောပြောပွဲ ဆောင်ရွက်ခဲ့ကြောင်း သိရသည်။

ကံမမြို့နယ်တာဝန်ခံမှ ကုန်အညွှန်းအမှတ်အသားများ၏ အဓိပ္ပါယ်၊ အခန်း(၁၈) ကုန်အညွှန်း အမှတ်အသားဖော်ပြခြင်းဆိုင်ရာ အကြောင်းအရာများကို အသေးစိတ်ရှင်းလင်းပြောကြားပြီး စားသုံး သူများ နစ်နာဆုံးရှုံးမှုများရှိခဲ့ပါက စားသုံးသူသတင်းပြန်ကြားရေးနှင့် တိုင်ကြားမှုလက်ခံဆောင်ရွက် ရေးစင်တာ(CICC) မကွေးတိုင်းဒေသကြီးဦးစီးမှူးရုံးသို့လည်းကောင်း၊ Consumer Call Center Hotline(1535)သို့ နေပြည်တော်ရုံးချုပ်တွင် လိုင်းခွဲ(၁)သို့လည်းကောင်း၊ ရန်ကုန်တိုင်းဒေသကြီး ဦးစီးမှူးရုံးတွင် လိုင်းခွဲ(၂)သို့လည်းကောင်း၊ မန္တလေးတိုင်း‌ဒေသကြီးဦးစီးမှူးရုံးတွင် လိုင်းခွဲ(၃)သို့ လည်းကောင်း ပြည်တွင်းမှ မည်သည့်ဖုန်းနံပါတ်များမဆို ဆက်သွယ်တိုင်ကြားလျှင် တိုက်ရိုက် တိုင်းဒေသကြီး(သို့မဟုတ်)ပြည်နယ်များသို့ ချိတ်ဆက်ဆောင်ရွက်ပေးလျက် ရှိပါကြောင်းနှင့် သရက် ခရိုင်ဦးစီးမှူးရုံး စားသုံးသူရေးရာဦးစီးဌာနတွင် စားသုံးသူသတင်းပြန်ကြားရေးနှင့် လက်ခံဆောင်ရွက် ရေးစင်တာ(CICC) ၂၀၂၅ခုနှစ်၊ မတ်လမှစတင်ဖွင့်လှစ်ထားရှိပြီး ဆက်သွယ်တိုင်ကြားနိုင်ကြောင်း စားသုံးသူပြည်သူများသိရှိစေရန် အသိပညာပေး Talk Show ဟောပြောခဲ့ကြောင်း သိရှိရပါသည်။

DOCA(မကွေး)