
မကွေးတိုင်းဒေသကြီး၊ သရက်ခရိုင်၊ ကံမမြို့နယ်တာဝန်ခံနှင့် ဝန်ထမ်းသည်(၇-၄-၂၀၂၅) ရက်နေ့၊ နံနက်(၀၇း၀၀)နာရီအချိန်တွင် မြို့မစည်ပင်သာယာဈေး၌ မြို့နယ်စည်ပင်သာယာရေးအဖွဲ့၊ မြို့နယ်ကျန်းမာရေးဦးစီးဌာနတို့နှင့်အတူ ပူးပေါင်း၍ ပလတ်စတစ်အိတ်နှင့် ကြွပ်ကြွပ်အိတ်သုံးစွဲမှု လျော့ချသုံးစွဲစေရန် ရည်ရွယ်၍ ကမ်ပိန်းပြုလုပ်ရာတွင် ကြွပ်ကြွပ်အိတ်အစား အင်ဖက်များ၊ ငှက်ပျောဖက်၊ စက္ကူအိတ်များအသုံးပြုနိုင်ရေး အင်ဖက်များ အခမဲ့ဖြန့်ဝေခြင်းအား ဆောင်ရွက်ခဲ့ ကြောင်း သိရသည်။
ဆက်လက်၍ နံနက်(၀၈း၀၀)နာရီအချိန်တွင် ကံမမြို့နယ်တာဝန်ခံသည် ဈေးအတွင်းရှိ ရောင်းချလျက်ရှိသော စားသုံးဆီ လက်လီ/လက်ကားအရောင်းဆိုင်များသို့ စားအုန်းဆီ အမျိုးမျိုးတွင် စားသုံးသူကာကွယ်ရေးဥပဒေ ၂၀၁၉ အခန်း(၁၈) ပုဒ်မ(၄၁)အရ ကုန်စည်များတွင် ကုန်အညွှန်း အမှတ်အသားပြည့်စုံစွာ ဖော်ပြထားသည့် ကုန်စည်များသာရောင်းချရန်နှင့် မြန်မာနိုင်ငံစားသုံးသူ ကာကွယ်ရေးကော်မရှင်မှ ထုတ်ပြန်ထားသည့် ညွှန်ကြားချက်အမှတ် (၂/၂၀၁၉)နှင့်အညီ ပြည့်စုံစွာ ဖော်ပြရန်နှင့် မြန်မာဘာသာဖြင့် ဖော်ပြရမည့်အချက်များအား မဖြစ်မနေ ထည့်သွင်းဖော်ပြခြင်း ရှိ/မရှိနှင့် စီးပွားရေးနှင့်ကူးသန်းရောင်းဝယ်ရေးဝန်ကြီးဌာန၏ ညွှန်ကြားချက်အမှတ် (၁/၂၀၂၁)နှင့် မြန်မာနိုင်ငံ အစားအသောက်နှင့်ဆေးဝါးအာဏာပိုင်အဖွဲ့၏ အမိန့်အမှတ် (၂/၂၀၂၄) တို့နှင့် ကိုက်ညီမှုရှိ/မရှိ ဈေးကွက်စောင့်ကြည့်စစ်ဆေးခဲ့ရာ GOOD CHOICE ဟင်းသီးဟင်းရွက်ဆီ (အဆင့်မြင့်စားအုန်းဆီ) (၅၀)ကျပ်သားတွင် အဆိုပါ ညွှန်ကြားချက်များနှင့် ကိုက်ညီမှုရှိကြောင်း စစ်ဆေးတွေ့ရှိခဲ့ရပြီး အခြားရောင်းချသည့် ကုန်စည်များသည်လည်း ညွှန်ကြားချက်နှင့် ကိုက်ညီမှု ရှိသည့် ကုန်စည်များသာ ရောင်းချရန် အသိပညာပေးဆွေးနွေးပြောကြားခဲ့ကြောင်း သိရသည်။
DOCA(မကွေး)