ဟင်္သာတမြို့နယ်တွင် ၂၀၂၅ ခုနှစ် မိုးစပါးရာသီတွင် မြေဆီလွှာဖွံ့ဖြိုးတိုးတက်ရေးအတွက် ပိုက်ဆံလျှော်မျိုးစေ့ပေးအပ်ခြင်းနှင့် ကြဲပက်ပွဲအခမ်းအနားကျင်းပ

Powered by Drupal

     ၂၀၂၅ ခုနှစ် မေလ ၁၀ ရက်နေ့ နံနက်(၈:၀၀)အချိန်တွင် မြို့နယ်စိုက်တိုးမြှင့် ဥက္ကဌနှင့် အဖွဲ့ဝင် များသည် ဟင်္သာတခရိုင်၊ဟင်္သာတမြို့နယ်၊ လယ်ကြီးကွင်းအုပ်စုရှိ တောင်သူ ဦးအောင်ဌေး၏ လယ်မြေ ဧရိယာ၌ ကျင်းပပြုလုပ်သော ၂၀၂၅ ခုနှစ် မိုးစပါးရာသီတွင် မြေဆီလွှာဖွံ့ဖြိုးတိုးတက်ရေးအတွက် ပိုက်ဆံလျှော်မျိုးစေ့ပေးအပ်ခြင်းနှင့် ကြဲပက်ပွဲအခမ်းအနားသို့  တက်ရောက်ကြကာ ဟင်္သာတမြို့နယ် စိုက်တိုးမြှင့်အဖွဲ့ဝင်များနှင့်အတူ  စားသုံးသူရေးရာဦးစီးဌာန၊  ဟင်္သာတမြို့နယ်တာဝန်ခံမှ တက်ရောက်ခဲ့ကြပါသည်။

   အဆိုပါအခမ်းအနားကို ဟင်္သာတခရိုင်၊ ဟင်္သာတမြို့ လယ်ကြီးကွင်းအုပ်စုရှိ တောင်သူ ဦးအောင် ဌေး၏ လယ်မြေ(၅ ဧက)၌ သစ်စိမ်းမြေဩဇာ(ပိုက်ဆံလျှော်)များကြဲပက်လျက်ရှိကာ အဆိုပါ သစ်စိမ်း မြေဩဇာ ကြဲပက်ခြင်းကြောင့် မြေဆီလွှာဖွံ့ဖြိုးတိုးတက်စေရေး၊ မိုးစပါးအထွက်နှုန်းတိုးတက်လာစေ ရန်နှင့် ဓါတ်မြေဩဇာသုံးစွဲမှုကို လျော့ချနိုင်ကာ သဘာဝပတ်ဝန်းကျင်ရှိ မြေဆီလွှာ၊ ရေ တို့တွင် ဓါတု အဆိပ်သင့်မှု လျော့နည်းစေ၍ မြေဆီလွှာ၏ ချဉ်ငံဓါတ်ကိုလည်း ထိန်းညှိပေးသည့်အကျိုးကျေးဇူးများ စွာ ရရှိနိုင်ကြောင်း မြို့နယ်စိုက်တိုးမြှင့်အဖွဲ့ တာဝန်ရှိသူမှ ရှင်းလင်းဆွေးနွေးခဲ့ပြီး ဒေသခံ တောင်သူ (၇၀)ဦး တက်ရောက်ကာ သစ်စိမ်းမြေဩဇာ(ပိုက်ဆံလျှော်)မျိုးစေ့များအား ပေးအပ်ခြင်း အခမ်းအနား ကျင်းပခဲ့ပြီး နံနက်(၁၀:၃၀)အချိန်တွင် အခမ်းအနားကို ရုပ်သိမ်းခဲ့ကြောင်း သတင်းရရှိပါသည်။   

DOCA(ဧရာဝတီ)