
၂၀၂၅ခုနှစ်၊ မေလ(၁၄)ရက်နေ့၊ နံနက်(၁၀း၀၀)နာရီအချိန်တွင် မြိတ်ခရိုင်စားသုံးသူရေးရာ ဦးစီးဌာန၊ ဗဟိုစာရင်းအင်းအဖွဲ့နှင့် စည်ပင်သာယာရေးအဖွဲ့ တို့သည် မြိတ်မြို့၊ဆိပ်ငယ်ရပ်၊ စည်ပင်သာယာစျေးကြီးအတွင်းရှိ စားသောက်ကုန်အရောင်းဆိုင်များ၌ ဟင်းခတ်အချိုမှုန့်အ မျိုးမျိုးတို့တွင် မြန်မာဘာသာဖြင့်ကုန်အညွှန်းအမှတ်အသားဖော်ပြပါရှိမှု ရှိ/မရှိ ကွင်းဆင်း စစ် ဆေးခဲ့ကြောင်း သိရှိရပါသည်။
ကွင်းဆင်းစစ်ဆေးရာတွင် မြန်မာဘာသာဖြင့် ကုန်အညွှန်းအမှတ်အသားဖော်ပြပါရှိသည် ကိုတွေ့ရှိရ၍ စီးပွားရေးလုပ်ငန်းရှင်များလိုက်နာဆောင်ရွက်သင့်သည့်အချက်များအားရှင်းလင်း ပြောကြားခြင်းနှင့် လက်ကမ်းစာစောင်များဖြန့်ဝေပေးခဲ့ပြီး စားသုံးသူများ ဘေးအန္တရာယ်ကင်းရှင်းစေရေး ကွင်းဆင်းစစ်ဆေးခဲ့ကြောင်း သတင်းရရှိခဲ့ပါသည်။
DOCA(MYEIK)