
ဧရာဝတီတိုင်းဒေသကြီး၊ ဖျာပုံခရိုင်၊ ဒေးဒရဲမြို့နယ် စားသုံးသူရေးရာဦးစီးဌာနမှ မြို့နယ်တာဝန်ခံ နှင့် ဝန်ထမ်းတို့သည် ၂၀၂၅ခုနှစ်၊ မေလ (၁၀)ရက် နံနက် (၁၀ )နာရီအချိန်တွင် ဆီလုပ်ငန်းရှင် ၃၉ ဦးအား အသိပညာပေး ဟောပြောခဲ့ပါသည်။
မြို့နယ်တာဝန်ခံ ဦးသိန်းမောင်က ဈေးကွက်အတွင်း ရောင်းချနေသည့် ဆီလုပ်ငန်းရှင်များအား ဈေးနှုန်းမြှင့်တင်ရောင်းချခြင်း မပြုရန်နှင့် ဈေးနှုန်းဆိုင်းဘုတ်များကို အများပြည်သူ သိသာထင်ရှားစွာ မြင်နိုင်သည့်နေရာများတွင် ချိတ်ဆွဲရောင်းချရန်၊ စားသုံးသူကာကွယ်ရေး ဥပဒေပါ စီးပွားရေးလုပ်ငန်းရှင်များ၏ တာဝန်များ၊ ဆောင်ရန် ရှောင်ရန်များအကြောင်းကို အသိပညာပေး ဟောပြောဆွေးနွေးခဲ့သည်ဟု သတင်းရရှိပါသည်။
DOCA(ဧရာဝတီ)