ဘိုကလေးမြို့နယ်အတွင်းရောင်းချနေသည့် စားသုံးဆီ (ဘူးဆီ)များအား ကွင်းဆင်းစစ်ဆေးခြင်း

Powered by Drupal

     ဧရာဝတီတိုင်းဒေသကြီး၊ ဖျာပုံခရိုင်၊ ဘိုကလေးမြို့နယ် စားသုံးသူရေးရာဦးစီးဌာနမှ မြို့နယ်တာဝန်ခံနှင့် ဝန်ထမ်းတို့သည် စည်ပင်သာယာရေးအဖွဲ့နှင့်ပူးပေါင်း၍  ၂၀၂၄ ခုနှစ်၊ မေလ (၁၀) ရက်နေ့ ၊ နံနက် (၁၀:၀၀) နာရီအချိန်တွင် မြို့ပေါ်ရှိ ကုန်မျိုးစုံဆိုင်များသို့ အမှတ် တံဆိပ်ပါ ဘူးဆီများတွင် FDA ထောက်ခံချက်နှင့် မြန်မာဘာသာ ကုန်အညွှန်းအမှတ် အသား ပြည့်စုံမှုရှိ/မရှိ ဈေးကွက်စောင့်ကြည့် ကွင်းဆင်းစစ်ဆေးခဲ့ပါသည်။

       အဆိုပါ ဈေးကွက်အတွင်းရှိ အရောင်းဆိုင်များတွင် Lotus  နှင့် Meizan ဆီဘူးများတွင် ကုန်အညွှန်းအမှတ်အသား ကိုက်ညီမှုရှိ/မရှိ ဈေးကွက်စောင့်ကြည့်စစ်ဆေးရာတွင် ကုန်အညွှန်း အမှတ်အသား ကိုက်ညီမှုရှိကြောင်း တွေ့ရှိရသဖြင့် လုပ်ငန်းရှင်များအား ပြည့်စုံမှုမရှိသော ကုန်စည်များ၊ မြန်မာဘာသာဖြင့် ဖော်ပြထားခြင်းမရှိသော ကုန်စည်များအား ထုတ်ကုန်လုံခြုံ စိတ်ချရမှုမရှိသဖြင့် မရောင်းချရန် အသိပညာပေး‌ဆောင်ရွက်ခဲ့ပြီး ညွှန်ကြားချက်အမှတ် (၂/၂၀၁၉) ပါ အတိုင်း သတ်မှတ်ချက်နှင့်အညီ ဆောင်ရွက်နိုင်ရန် ပြောကြားခဲ့ကြောင်း သတင်း ရရှိပါသည်။

DOCA(ဧရာဝတီ)