
စားသုံးသူရေးရာဦးစီးဌာန၊ ရန်ကုန်အရှေ့ပိုင်းခရိုင်ဦးစီးမှူးရုံးမှ ဦးမြသန်းနိုင်(လ/ထ ကြီးကြပ်ရေးမှူး)နှင့် ဝန်ထမ်းများ၊ မြို့နယ်အထွေထွေအုပ်ချုပ်ရေးဦးစီးဌာန၊ အထူးစုံစမ်းစစ်ဆေးရေးဦးစီးဌာန၊ မြန်မာနိုင်ငံဆန်ကုန်သည်များအသင်း၊ မြို့နယ်ရဲတပ်ဖွဲ့ စသည့်အဖွဲ့များနှင့် ပူးပေါင်း၍ (၁၀-၅-၂၀၂၅) ရက်နေ့တွင် မြောက်ဒဂုံမြို့နယ်(၃၃)ရပ်ကွက် အတွင်းရှိဆန်ဆိုင် (၄)ဆိုင် အား သွားရောက်၍ ဆန်ရောင်းချ မှု အခြေအနေများ စစ်ဆေး ဆောင်ရွက်ခဲ့ပါသည်။
ထိုသို့စစ်ဆေးခဲ့ရာတွင် စားသုံးသူရေးရာဦးစီးဌာနမှဦးမြသန်းနိုင်က ဆိုင်အတွင်း ရောင်းချနေသော ဆန်ဈေးနှုန်းများစစ်ဆေးခဲ့ပြီး သဘာဝဘေးအန္တာရာယ်များကိုအကြောင်းပြု၍ ဆန်ဈေးနှုန်းများကို ဈေးမြှင့်တင်ရောင်းချခြင်းမပြုရန် စားသုံးသူပြည်သူများအခက်အခဲမရှိ လက်ဝယ်ရောက်ရှိအောင် ဝယ်ယူစားသုံးနိုင်ရေးနှင့် သတ်မှတ်ဈေးနှုန်းဖြင့် ဖြန့်ဖြူးရောင်းချ ပေးကြရန်၊ ဆန်များ သိုလှောင်ထားခြင်းမပြုလုပ်ကြရန် အသိပညာပေး ပြောကြားခဲ့ကြောင်း သိရှိရပါသည်။
DOCA (ရန်ကုန်)