မြန်အောင်မြို့ပေါ်ရှိအိမ်ဆောက်ပစ္စည်းအရောင်းဆိုင်လုပ်ငန်းရှင်များအားအသိပညာပေးဟောပြောခြင်း

Powered by Drupal

     စားသုံးသူရေးရာဦးစီးဌာန၊ မြန်အောင်မြို့နယ်ဦးစီးမှူးနှင့်ဝန်ထမ်းများသည် ၂၀၂၅ ခုနှစ်၊ မေလ (၉)ရက်နေ့ နေ့လည်(၁၅:၀၀)အချိန်တွင် မြန်အောင်မြို့နယ်၊ ရုံးလမ်း၊ အမှတ်(၁)ရပ်ကွက်ရပ်ကွက်ရှိ မြို့နယ်အထွေထွေအုပ်ချုပ်ရေးဦးစီးဌာန၊ မြို့နယ်အထူးစုံးစမ်းစစ်ဆေးရေးဦးစီးဌာနနှင့် ပူးပေါင်း၍ မြန်အောင်မြို့ပေါ်ရှိ အိမ်ဆောက်ပစ္စည်းအရောင်းဆိုင်လုပ်ငန်းရှင်(၃၀)ဦးအား အသိပညာပေးဟောပြော ခြင်းကို ဆောင်ရွက်ခဲ့ပါသည်။

          ဟောပြောပွဲတွင် မြို့နယ်ဦးစီးမှူး ဦးမြင့်အောင်က မိတ်ဆက်စကားပြောကြားခဲ့ပြီး၊  ဈေးကွက် အတွင်း ရောင်းချလျက်ရှိသော ဘိလပ်မြေအိတ်များ သင့်တင့်မျှတသောဈေးနှုန်းဖြင့် ‌ရောင်းချနိုင်ရေး၊ ဈေးကစားရန် ရည်ရွယ်ချက်ဖြင့် သိုလှောင်ထားမှုမရှိစေရေး၊ မိမိတို့ဌာနအနေဖြင့် ဈေးကွက်စောင့် ကြည့်စစ်ဆေးရခြင်း၏ ရည်ရွယ်ချက်များအကြောင်း၊ ကွင်းဆင်းစစ်ဆေးရာတွင် လုပ်ငန်းရှင်များမှ လည်း ပူးပေါင်းဆောင်ရွက်ပေးစေလိုကြောင်း၊ လုပ်ငန်းရှင်များအနေဖြင့် အိမ်ဆောက်ပစ္စည်းများနှင့် ဘိလပ်မြေအိတ်များ ဈေးနှုန်းမြှင့်တင်ရောင်းချခြင်း မပြုလုပ်ရန် ဝန်ခံကတိလက်မှတ်ရေးထိုးရခြင်း အကြောင်း ရှင်းလင်းဆွေးနွေးခဲ့ပြီး၊ လုပ်ငန်းရှင်များမှ ဝန်ခံကတိ လက်မှတ်ရေးထိုးကာ နေ့လည် (၁၆:၃၀)အချိန်တွင် ဟောပြောပွဲကို ရုပ်သိမ်းခဲ့ကြောင်း သိရှိရပါသည်။

DOCA(ဧရာဝတီ)