လမ်းမတော်ဆိပ်ခံဗောတံတားရှိ ဆန်အဝင်သင်္ဘောများအားစစ်ဆေးခြင်း

Powered by Drupal

   ၁၂.၅.၂၀၂၅ ရက်နေ့၊ ၁၃:၀၀ အချိန်၊ ကျောက်တံတားခရိုင်၊ လမ်းမတော်မြို့နယ်၊ မော်တင်ယာယီဈေးရပ်ကွက်၊ လှည်းတန်းအမှတ်(၂)၊ ကိုင်းတန်းအမှတ်(၁)နှင့် ကိုင်းတန်း အမှတ်(၂) ဆိပ်ခံဗောတံတားရှိ ဆန်အဝင်သင်္ဘောများအား ရန်ကုန်အရှေ့ပိုင်ခရိုင် စားသုံးသူရေးရာဦးစီးဌာနမှ ခရိုင်ဦးစီးမှူး ဦးလှစိုး၊ လမ်းမတော်မြို့နယ် အထွေထွေအုပ်ချုပ်ရေးဦးစီးဌာနမှ ဒုတိယမြို့နယ်အုပ်ချုပ်ရေးမှူး ဦးရဲလွင်၊ လမ်းမတော်မြို့နယ်စည်ပင်သာယာအုပ်ချုပ်ရေးမှူး ဦး‌‌သိန်းမြင့်၊ လမ်းမတော် မြို့မ ရဲစခန်းမှ ဒုရဲအုပ်ဇော်မျိုးထွန်း ၊ မြန်မာ့ဆိပ်ကမ်းအာဏာပိုင်၊ ကုန်လုပ်ငန်းဌာန၊ မြန်မာ့ဆိပ်ကမ်း အာဏာပိုင်( မြေနှင့် ဆိပ်ကမ်း(အလယ်ပိုင်း)ဌာနစု)မှ မန်နေဂျာ ဦးထွန်းလင်း ၊ ရပ်ကွက်အုပ်ချုပ်ရေးမှူး ဦးမြင့်စောနှင့် ရပ်ကွက်စာရေး ဦးထွန်းလင်း တို့ပါဝင်သောပူးပေါင်းအဖွဲ့ဖြင့် ဈေးကွက်အတွင်း ဆန်ပြတ်လပ်ခြင်း၊ ဆန်ဈေးမတည်ငြိမ်မှု မရှိစေရေးအတွက် ကွင်းဆင်းစစ်ဆေးဆောင်ရွက်ခဲ့ပြီး ၁၅:၀၀ အချိန်တွင် ပြီးစီးခဲ့ပါကြောင်း သိရှိရပါသည်။

DOCA (ရန်ကုန်)