ဆန်ဂို‌ဒေါင်များအားစစ်ဆေးခြင်း

Powered by Drupal

   ၁၃.၅.၂၀၂၅ ရက်နေ့၊ ၁၃:၃၀ အချိန်၊ ကျောက်တံတားခရိုင်၊ လမ်းမတော်မြို့နယ်၊ မော်တင်ယာယီဈေးရပ်ကွက်၊ ကမ်းနားဥပစာလမ်း၊ လမ်းသစ်လမ်းတိုနှင့် ယမုံနာလမ်းရှိ ဆန်ဂို‌ဒေါင်များအား ရန်ကုန်အရှေ့ပိုင်ခရိုင်စားသုံးသူရေးရာဦးစီးဌာနမှ ခရိုင်ဦးစီးမှူးဦးလှစိုး၊ လမ်းမတော်မြို့နယ်အထွေထွေအုပ်ချုပ်ရေးဦးစီးဌာနမှ ဒုတိယမြို့နယ်အုပ်ချုပ်ရေးမှူး ဦးရဲလွင်၊ လမ်းမတော်မြို့နယ် စည်ပင်သာယာအုပ်ချုပ်ရေးမှူး ဦး‌‌သိန်းမြင့်၊ လမ်းမတော်မြို့မရဲစခန်းမှ ဒုရဲအုပ် ကျော်သက်ထွန်း မြန်မာ့ဆိပ်ကမ်းအာဏာပိုင်၊ ကုန်လုပ်ငန်းဌာန၊ မြန်မာ့ဆိပ်ကမ်း အာဏာပိုင် မြေနှင့်ဆိပ်ကမ်း (အလယ်ပိုင်း) ဌာနစုမှ မန်နေဂျာ ဦးထွန်းလင်း နှင့် ရပ်ကွက် စာရေး ဦးထွန်းလင်း တို့ပါဝင်သောပူးပေါင်းအဖွဲ့ဖြင့် ဈေးကွက်အတွင်း ဆန်ပြတ်လပ်ခြင်း၊ ဆန်ဈေးမတည်ငြိမ်မှုမရှိစေရေးအတွက် ကွင်းဆင်းစစ်ဆေး ဆောင်ရွက်ခဲ့ပြီး ၁၅:၀၀ အချိန် တွင်ပြီးစီးခဲ့ပါကြောင်း သိရှိရပါသည်။

DOCA (ရန်ကုန်)