
ကလေးမြို့၊ အောင်သစ္စာရပ်ကွက်သို့သွားရောက်၍ ( ၁၄.၅.၂၀၂၅ )ရက်နေ့ နံနက်(၁၀:၃၀ )နာရီအချိန်တွင် ဆန်စက်၊ ဆီစက်၊ သံဂဟေ၊ ပဲပွဲရုံ၊ ပဲကြော်လုပ်ငန်းရှင် (၂၀ ) ဦး အား အသိပညာပေး ဟောပြောပွဲ ကျင်းပပြုလုပ်ခဲ့ပါသည်။
အဆိုပါဟောပြောပွဲတွင် အသေးစားစက်မှုလက်မှုလုပ်ငန်းဦးစီးဌာနမှ ဦးထိုက်တန် (ခရိုင်ဦးစီးမှူး)၊ စက်မှုကြီးကြပ်ရေးနှင့်စစ်ဆေးရေးဦးစီးဌာန ဦးရဲမင်းသိန်း(ခရိုင်ဦးစီးမှူး) နှင့် စားသုံးသူရေးရာဉီးစီးဌာန ဒေါ်သိမ့်သိမ့်ထွန်း(ဒု-ဦးစီးမှူး) တို့သည် အောင်သစ္စာရပ်ကွက်ရှိ လုပ်ငန်းရှင်များအား အသိပညာပေး ဟောပြောရာတွင် ဦးစွာပထမ အသေးစားစက်မှုလက်မှု လုပ်ငန်းဦးစီးဌာနမှ ခရိုင်ဉီးစီးမှူး ဦးထိုက်တန်က လုပ်ငန်းရှင်များအနေဖြင့် လုပ်ငန်းများလုပ်ကိုင် ဆောင်ရွက်လျှက်ရှိရာ လုပ်ငန်းမှတ်ပုံတင်များရရှိမှုမရှိသေးပါက မိမိတို့ဌာနမှ လုပ်ငန်းမှတ်ပုံတင် များရရှိရေး လုပ်ကိုင်ဆောင်ရွက်ပေးသွားမည်ဖြစ်ပါကြောင်း၊ စက်မှုကြီးကြပ်ရေးနှင့် စစ်ဆေးရေး ဦးစီးဌာနမှ ဦးရဲမင်းသိန်း(ခရိုင်ဦးစီးမှူး)က ပုဂ္ဂလိက စက်မှုလက်မှုလုပ်ငန်းများမှတ်ပုံတင် ဆောင်ရွက်ရန် လိုအပ်ပါကြောင်း၊ မှတ်ပုံတင်ကတ်ပြားများမှလည်း မိမိတို့စက်ရုံများတွင် Upto Date ဖြစ်အောင်ဆောင်ရွက်ထားရမည်ဖြစ်ပြီး မြင်သာသည့်နေရာများတွင် ချိတ်ဆွဲထားရမည်ဖြစ်ပါ ကြောင်းပြောကြား၍ စားသုံးသူရေးရာဉီးစီးဌာန၊ ကလေးခရိုင်ရုံးမှ ဒေါ်သိမ့်သိမ့်ထွန်းက ကုန်အညွန်း အမှတ်အသား လျှောက်ထားရန်နှင့် စားသုံးသူအခွင့်အရေးများနှင့် စားသုံးသူများ နစ်နာဆုံးရှုံးမှု ရှိပါက တိုင်းဒေသကြီး၊ ပြည်နယ်များရှိ Consumer Information& Complaint Center (CICC) များနှင့် Consumer Call Center(1535)များသို့ ခေါ်ဆို၍ တိုင်ကြားနိုင်ပါကြောင်း စားသုံးသူ ကိစ္စရပ်များနှင့် ပတ်သက်၍မရှင်းလင်းသည်များရှိပါက ကလေးခရိုင်ဦးစီးမှူးရုံး စားသုံးသူရေးရာ ဦးစီးဌာနသို့ လာရောက်၍ဆွေးနွေးနိုင်ပါကြောင်း ပြောကြား၍ အသိပညာပေးဟောပြောပွဲ အခမ်းအနားကို (၁၂:၃၀)နာရီ အချိန်တွင် ပြီးဆုံးကြောင်း သတင်းရရှိရပါသည်။
DOCA (စစ်ကိုင်း)