ဇလွန်မြို့နယ် ကုန်စုံဆိုင်လုပ်ငန်းရှင်များအား အသိပညာပေးဟောပြောခြင်း

Powered by Drupal

     စားသုံးသူရေးရာဦးစီးဌာန၊ ဇလွန်မြို့နယ်တာဝန်ခံသည် (၉.၅.၂၀၂၅)ရက်နေ့ နံနက်(၀၉:၀၀) နာရီအချိန်တွင် ဇလွန်မြို့နယ်၊ အဒါးလမ်း၊လမ်းမတော်(မ)ရပ်ကွက်ရှိ မြို့နယ်စားသုံးသူရေးရာဦးစီးဌာန ရုံး၊ အစည်းအဝေးခန်းမ၌ ကုန်စုံဆိုင်လုပ်ငန်းရှင်(၂၇)ဦးအား စားသုံးသူကာကွယ်ရေးဆိုင်ရာ အသိပညာ ပေးဟောပြောခြင်း ဆောင်ရွက်ခဲ့ပါသည်။

     ထိုသို့ဆောင်ရွက်ရာတွင် မြို့နယ်တာဝန်ခံ ဦးသန့်ဇင်ဦးက စားသုံးသူကာကွယ်ရေးဥပဒေပါ ကုန်အညွှန်းအမှတ်အသားဖော်ပြခြင်းနှင့်စပ်လျဉ်း၍ မည်သည့် စီးပွားရေးလုပ်ငန်းရှင်မဆို ပုဒ်မ(၄၁) ပုဒ်မခွဲ(ခ)နှင့်(ဆ)တို့ပါ ကုန်စည်၏အမျိုးအမည်၊ အရွယ်အစား၊ အသားတင်ပမာဏနှင့် ထားသိုသိမ်း ဆည်းမှုအညွှန်း၊ကျန်းမာရေးဆိုင်ရာဘေးထွက်ဆိုးကျိုးဖော်ပြချက်နှင် ကြိုတင်သတိပေးချက်များအား ပြည့်စုံစွာဖော်ပြထားသောကုန်စည်များကိုသာ ရောင်းချရန်၊ ကုန်အညွှန်းအမှတ်အသား ဖော်ပြရာတွင် မြန်မာဘာသာဖြင့်ဖြစ်စေ၊ မြန်မာဘာသာနှင့်အခြားဘာသာတစ်ခု(သို့မဟုတ်)တစ်ခု ထက်ပို၍ တွဲလျက် ဖြစ်စေ ရေးသားဖော်ပြရမည့်အကြောင်း စသည်တို့ကို အသိပညာပေးဟောပြောခဲ့ပြီး လုပ်ငန်းရှင် များမှလည်း သိလိုသည်များကို မေးမြန်း၍ အပြန်အလှန်ဆွေးနွေးခဲ့ကြကြောင်းသိရှိရပါသည်။

DOCA(ဧရာဝတီ)