
(၁၃.၅.၂၀၂၅)ရက်နေ့ နံနက်(၈:၃၀)နာရီအချိန်တွင် တိုက်ကြီးမြို့နယ်၊ မြို့နယ်အထွေထွေအုပ်ချုပ်ရေးဦးစီးဌာနမှ မြို့နယ်စီမံအုပ်ချုပ်ရေးအဖွဲ့ဥက္ကဌ ဉီးဆောင်၍ မြို့နယ်ရဲတပ်ဖွဲ့မှူးပါ (၂)ဦး၊ မြို့နယ်စည်ပင်သာယာရေးမှ လက်ထောက်ညွှန်ကြားရေးမှူးပါ(၃)ဦး၊ မီးသတ်တပ်ဖွဲ့ ဦးစီးမှူးပါ(၂)ဦး၊ စားသုံးသူရေးရာဦးစီးဌာန(၁)ဦးနှင့် ပြည်တွင်းအခွန်များဦးစီးဌာနမှ (၁)ဦး တို့ပါဝင်သော ပူးပေါင်းအဖွဲ့ တိုက်ကြီးမြို့နယ်ရှိ ဆန်သိုလှောင်ရုံများအား ကွင်းဆင်းစစ်ဆေး ဆောင်ရွက်ခဲ့ပါသည်။
ဆန်သိုလှောင်ရုံများ ကွင်းဆင်းဆောင်ရွက်ရာတွင် ၂၀၂၅ ခုနှစ်၊ မေလအတွက် စီးပွားရေးနှင့် ကူးသန်းရောင်းဝယ်ရေးဝန်ကြီးဌာန၊ စားသုံးသူရေးရာဦးစီးဌာနမှ ထုတ်ပြန်ထားသော သင့်တင့်မျှတ သောဈေးကွက်/ဈေးနှုန်းဖြင့် မှန်ကန်စွာရောင်းချနေမှုရှိ/မရှိ၊ တန်ချိန် (၂၅)တန်နှင့်အထက် သိုလှောင် မှုရှိလျှင် MyRo တွင် မှတ်ပုံတင်လျှောက်ထားရန်၊ မသမာသော နည်းလမ်းဖြင့် ဈေးကစားရန်အလို့ငှာ သိုလှောင်ခြင်းများ မပြုလုပ်ကြရန် မြို့နယ်စီမံအုပ်ချုပ်ရေး အဖွဲ့ဥက္ကဌမှ အသိပညာပေးပြောကြားခဲ့ကြောင်း သိရှိရပါသည်။
DOCA (ရန်ကုန်)