ဟင်းလျာများတွင်အသုံးပြုသော အရောင်၊ အနံ့၊ အရသာ မှုန့်အမျိုးမျိုးတွင် ကုန်အညွန်း အမှတ်အသား ဈေးကွက်စောင့် ကြည့်စစ်ဆေး

Powered by Drupal

     (၁၃-၅-၂၀၂၅) ရက်နေ့ နံနက် (၀၉:၃၀) နာရီအချိန်တွင် မြို့နယ်စည်ပင်သာယာရေး အဖွဲ့မှဦးဆောင်၍ စားသုံးသူရေးရာဦးစီးဌာန၊  ဒေါ်ခိုင်ခိုင်လင်းဒု-ဦးစီးမှူးနှင့် ဝန်ထမ်း(၂)ဦး၊ မြို့နယ်ကျန်းမာရေးဦးစီးဌာန၊ ရပ်ကွက်အုပ်ချုပ် ရေးမှူးစသည့် တာဝန်ရှိသူများနှင့်ပူးပေါင်း၍ ကမ်းနားလမ်းရှိ စားသောက်ကုန်ပစ္စည်း အမျိုးမျိုးအရောင်းဆိုင်အား ကွင်းဆင်းစစ်ဆေးခဲ့ကြောင်း သိရသည်။

     စားသုံးသူပြည်သူများအတွက် ကုန်စည်နှင့်ဝန်ဆောင်မှုများအသုံးပြုရာတွင် ဘေးအန္တရာယ် ကင်းရှင်းစေရေးအတွက် ဆောင်ရွက်လျက်ရှိရာ မအူပင်မြို့ ကမ်းနားလမ်းတလျောက်ရှိ စားသောက်ကုန်ပစ္စည်း အရောင်းဆိုင်များရှိ ဟင်းလျာများ တွင်အရောင်၊ အနံ့၊ အရသာအတွက် အသုံးပြုသောပစ္စည်းအမျိုးမျိုးအား ကွင်းဆင်းစစ်ဆေးခြင်း ဆောင်ရွက်ခဲ့ရာ ကုန်အညွှန်းအမှတ်အသားနှင့်ပြည့်စုံမှုမရှိသော စားသောက်ကုန်ပစ္စည်းများ ရောင်းချခြင်းရှိ/မရှိစစ်ဆေးခဲ့ကြောင်း၊ လုပ်ငန်းရှင် များအနေဖြင့် ကုန်အညွှန်းအမှတ်အသားဖော်ပြရာတွင် မြန်မာနိုင်ငံစားသုံးသူကာကွယ်ရေးကော်မရှင်၏ ညွှန်ကြားချက် အမှတ်(၂/၂၀၁၉)နှင့် ကိုက်ညီမှုမရှိသော စားသောက်ကုန်ပစ္စည်းမျိုးမျိုးအား ရောင်းချခြင်းမပြု ရန်အသိပညာ ပေးပြောကြားခဲ့ပြီး လက်ကမ်းစာစောင်များ ဖြန့်ဝေပေးခဲ့ကြောင်း သိရှိရပါသည်။

DOCA(ဧရာဝတီ)