ဩစတေးလျဝန်ကြီးချုပ် အယ်လ်ဘာနီးစ်နှင့်ကမ္ဘာ့ခေါင်းဆောင်များသည် အီတလီနိုင်ငံတွင် ကုန်သွယ်ရေး၊ အခွန်များနှင့်ပက်သက်၍ ဆွေးနွေးသွားမည်

Powered by Drupal

    သြစတြေးလျ ဝန်ကြီးချုပ် အန်တိုနီ အယ်လ်ဘာနီးစ်က တနင်္လာနေ့က အီတလီသို့ တရားဝင် ခရီးစဉ်တွင် အခွန်စည်းကြပ်မှုနှင့် လွတ်လပ်သော ကုန်သွယ်မှု ဆွေးနွေးမှုများ ပြုလုပ်ရန် ပြောကြားခဲ့ကြောင်း သိရသည်။ မေလ ၁၁ ရက်နေ့တွင် Vatican City ၌ Pope Leo XIV ၏ ကျမ်းသစ္စာ ကျိန်ဆိုပွဲ ကို တက်ရောက်မည်ဖြစ်ပြီး ကနေဒါဝန်ကြီးချုပ် Mark Carney အပါအဝင် ကမ္ဘာ့ခေါင်းဆောင်များနှင့် တွေ့ဆုံခွင့်ကို အသုံးချမည်ဖြစ်ကြောင်း တနင်္လာနေ့တွင် အတည်ပြုခဲ့သည်။ မေလ ၃ ရက်နေ့က ကျင်းပသော ဖက်ဒရယ်ရွေးကောက်ပွဲတွင် အာဏာရ ခဲ့သည့် သြစတြေးလျဝန်ကြီးချုပ်သည် သူ့၏ ပထမဆုံးပြည်ပခရီးစဉ်အတွက် အင်ဒိုနီးရှားနိုင်ငံ သို့ မေလ ၁၄ ရက်နေ့တွင်သွားရောက်မည်ဖြစ် သည်။ အီတလီတွင်ရှိစဉ် Carney သည် ပထမဆုံးအကြိမ် လူချင်းတွေ့ဆုံကာ ကမ္ဘာ့ခေါင်းဆောင်များနှင့် ကုန်သွယ်မှုနှင့် အခွန်ဆိုင်ရာ ကိစ္စရပ်များကို ဆွေးနွေးရန် မျှော်လင့်ထားကြောင်း Albanese က တနင်္လာနေ့တွင် ပြောကြား ခဲ့သည်။ ဩစတြေးလျနှင့် ဥရောပသမဂ္ဂတို့ကြား လွတ်လပ်သော ကုန်သွယ်မှုသ ဘောတူညီချက် အတွက် ဆွေးနွေးပွဲများသည် ၂၀၂၃ ခုနှစ်တွင် ပျက်သွားသော်လည်း အယ်လ်ဘေးနီးစ်၏ ပြန်လည်ရွေးကောက်ခံရသောအစိုးရသည် ဧပြီလတွင် ချမှတ်ခဲ့သည့် အမေရိကန် အခွန် စည်းကြပ်မှုများကို တုံ့ပြန်သည့်အနေဖြင့် စေ့စပ်ညှိနှိုင်းမှုများကို ပြန်လည်ဖွင့်လှစ်ရန် လှုံ့ဆော်ခဲ့သည်။ ဩစတေးလျ၏ ဇိမ်ခံကားတင်သွင်းမှုအပေါ် အခွန်ကင်းလွတ်ခွင့်ကို အီးယူအား Albanese မှ ကမ်းလှမ်းရန် ပြင်ဆင်ထားကြောင်း News Corp Australia သတင်းစာများတွင် မေလအစောပိုင်းက ဖော်ပြခဲ့သည်။

Source : Xinhua

DOCA(ရန်ကုန်)