စားအုန်းဆီရောင်းချသည့် လုပ်ငန်းရှင်နှင့် တွေ့ဆုံဆွေးနွေးခြင်း

Powered by Drupal

           စစ်ကိုင်းတိုင်းဒေသကြီး၊စားသုံးသူရေးရာဦးစီးဌာန၊ ကလေးခရိုင်၊ ခရိုင်ဦးစီးမှူး ဒေါ်သန်းသန်းဝင်းမှ ဦးဆောင်၍ ဝန်ထမ်း ( ၂ ) ဦးသည် ကလေးမြို့၊ ပင်လုံရပ်ကွက်ရှိ စားအုန်းဆီရောင်းချသည့် လုပ်ငန်းရှင် ဦးဌေးလွင်နှင့် ( ၂၉.၆.၂၀၂၂ ) ရက်နေ့၊ နေ့လယ် ( ၀၃:၀၀ ) နာရီအချိန်တွင် သွားရောက်တွေ့ဆုံဆွေးနွေးခဲ့ ပါသည်။

              စားအုန်းဆီအရောင်းဆိုင်များအနေဖြင့် ပြန်လည်ဖြန့်ဖြူးရောင်းချရာတွင် ဒေသအရောက် အခြေခံလက်ကားဈေးနှုန်းများအပေါ် ( ၂ ) ရာခိုင်နှုန်း အမြတ်ထက် မပိုစေသော ဈေးနှုန်းဖြင့် ဖြန့်ဖြူးရောင်းချရန်နှင့် စားအုန်းဆီများအား ဈေးနှုန်းမြှင့်တင်ရောင်းချခြင်းများ မပြုလုပ်ကြရန် ညွှန်ကြားထားကြောင်း ခရိုင်ဦးစီးမှူးမှ ရှင်းလင်းပြောကြားခဲ့ပါသည်။

              စားအုန်းဆီရောင်းချသည့် လုပ်ငန်းရှင် ဦးဌေးလွင်မှလည်း မိမိတို့ခွဲတမ်းရရှိသော ဆီများကို ဈေးနှုန်းမြှင့်တင်ရောင်းချမှုမရှိဘဲ အခြေခံသတ်မှတ်ဈေးနှုန်းများဖြင့်သာ ရောင်းချလျက်ရှိပါ ကြောင်းနှင့် စားသုံးသူပြည်သူများအနေဖြင့်လည်း အလွယ်တကူ ဝယ်ယူစားသောက်နိုင်ရန်အတွက် မိမိအနေဖြင့်လည်း စေတနာထားကာ လက်လီ/လက္ကား ဖြန့်ဖြူးရောင်းချပေးလျက်ရှိပါကြောင်း ပြန်လည်ပြောကြားခဲ့ပါကြောင်း သိရှိရပါသည်။

DOCA  ( စစ်ကိုင်း )