ဖျာပုံမြို့နယ်တွင် စားအုန်းဆီရောင်းချသည့် လုပ်ငန်းရှင်များအား စားသုံးသူကာကွယ်ရေး အသိပညာပေး

Powered by Drupal

     ဧရာဝတီတိုင်းဒေသကြီး၊ ဖျာပုံခရိုင် ၊ဖျာပုံမြို့နယ် စားသုံးသူရေးရာဦးစီးဌာနခရိုင်ဦးစီးမှူး ဦးထွေးသိမ်း နှင့် ဝန်ထမ်းတို့သည် ၂၀၂၅ ခုနှစ်၊ မေလ ၁၀ ရက်နေ့၊ (၁၀:၀၀) နာရီအချိန်တွင် စားအုန်းဆီရောင်းချသည့် လုပ်ငန်းရှင်များအား စားသုံးသူကာကွယ်ရေး အသိပညာပေး ဟောပြော ခဲ့ပါသည်။

     ခရိုင်ဦးစီးမှူး ဦးထွေးသိမ်းက စားအုန်းဆီရောင်းချရာတွင် သတ်မှတ်ပမာဏ၊ သတ်မှတ် ဈေးနှုန်းတို့ဖြင့် ရောင်းချပေးရမည်ဖြစ်ကြောင်း၊ စားအုန်းဆီထုတ်ယူရရှိမှုပေါ်မူတည်၍ တလလျှင် အိမ်ထောင်စု အလိုက် ခွဲဝေရောင်းချပေးရန်နှင့် ၊ ဆီရောင်းချမှုစာရင်းများအား ဆီထုတ်စာရင်းများ ပြုလုပ်ထားရှိပြီး ဈေးနှုန်းမြှင့်တင်ရောင်းချခြင်းမပြုကြရန်နှင့် စီးပွားရေးလုပ်ငန်းရှင်၏ တာဝန်နှင့် တားမြစ်ချက်များ အကြောင်း ၊ အရေးကြီးကုန်စည်နှင့် ဝန်ဆောင်မှုဥပဒေအရ အရေးယူ ဆောင်ရွက် သွားမည် ဖြစ်ကြောင်း အသိပညာပေးဟောပြောဆွေးနွေးခဲ့သည်ဟု သတင်းရရှိပါသည်။

DOCA(ဧရာဝတီ)