
စားသုံးသူရေးရာဦးစီးဌာန၊ ဇလွန်မြို့နယ်တာဝန်ခံသည် (၁၂.၅.၂၀၂၄)ရက်နေ့ နံနက်(၀၉:၀၀) အချိန်တွင် ဇလွန်မြို့၊ အဒါးလမ်း၊ လမ်းမတော်မြောက်ရပ်ကွက်ရှိ မြို့နယ်စားသုံးသူရေးရာဦးစီးဌာနရုံး၊ အစည်းအဝေးခန်းမတွင် စားအုန်းဆီ လက္ကားကိုယ်စားလှယ်များနှင့် လက်လီအရောင်းဆိုင်လုပ်ငန်းရှင် (၃၀)ဦးအား စားအုန်းဆီများဖြန့်ဖြူးရောင်းချရာတွင် စနစ်တကျခွဲဝေပေးနိုင်ရေး အသိပညာပေး ဟော ပြောခြင်းများကို ဆောင်ရွက်ခဲ့ပါသည်။
ဟောပြောပွဲတွင် မြို့နယ်တာဝန်ခံ ဦးသန့်ဇင်ဦးက စားသုံးသူရေးရာဦးစီးဌာန၏ လက်ရှိဆောင်ရွက်နေသော စားသုံးသူကာကွယ်ရေးဆိုင်ရာလုပ်ငန်းတာဝန်များအကြောင်း၊ ခွဲတမ်းရစားအုန်းဆီ လက် လီ/လက္ကားအရောင်းဆိုင်လုပ်ငန်းရှင်များအနေဖြင့် စားသုံးသူပြည်သူများသို့ စားအုန်းဆီဖြန့်ဖြူးရောင်း ချရာတွင် သတ်မှတ်ကာလအတွင်း၊ သတ်မှတ်ပမာဏကို သတ်မှတ်ဈေးနှုန်းဖြင့် အရည်အသွေး၊ အလေးချိန်မှန်ကန်စွာဖြင့် အချိန်မှီရောင်းချပေးနိုင်ရေး၊ ဈေးကွက်အတွင်းစားအုန်းဆီပြတ်လပ်မှုမရှိစေရေးနှင့် စားသုံးသူတို့ အလွယ်တကူ ဝယ်ယူရရှိ နိုင်ရေးဆွေးနွေးပြောကြားခဲ့ပြီး၊ သတ်မှတ်စည်းမျဉ်း စည်းကမ်းများကို လိုက်နာ ဆောင်ရွက်ခြင်း မရှိပါက အရေးကြီးကုန်စည် နှင့်ဝန်ဆောင်မှုဥပဒေအရ အရေးယူဆောင်ရွက်မည်ကိုသိရှိပါကြောင်း ခံဝန်ကတိလက်မှတ်ရေးထိုးရခြင်းကိုရှင်းလင်းဆွေးနွေးခဲ့ပြီး လုပ်ငန်းရှင်မှလည်း ခံဝန်ကတိ လက်မှတ်ရေးထိုးကာ နံနက်(၁၀:၃၀)အချိန်တွင် ဟောပြောပွဲကို ရုပ်သိမ်းခဲ့ကြောင်း သိရှိရပါသည်။
DOCA(ဧရာဝတီ)