
စားသုံးသူရေးရာဦးစီး ဌာန၊ မအူပင်ခရိုင်ဦးစီးမှူးရုံးမှ အွန်လိုင်းမှတ်ပုံတင်ခြင်းလုပ်ငန်းများနှင့် စပ်လျဉ်း၍ စစ်ဆေးရေးအရာရှိများက မြေပြင်လုပ်ငန်းအမှန်တကယ်ကိုက်ညီမှု ရှိစေရေးအတွက် ကွင်းဆင်းစစ်ဆေး ဆောင်ရွက် လျက်ရှိသည်။ အွန်လိုင်းရောင်းဝယ်မှု လုပ်ငန်း မှတ်ပုံတင်လျှောက်ထားသည့် ကျောင်းလမ်း၊ ရပ်ကွက်(၆)၊ မအူပင်မြို့ရှိ အိမ်ခြံမြေအကျိုးဆောင်လုပ်ငန်း ကေခိုင်မြတ်မော် လုပ်ငန်းသို့ အွန်လိုင်းလုပ်ငန်း မြေပြင်စစ်ဆေးချက်နှင့် ကိုက်ညီမှု ရှိမရှိ စစ်ဆေးခြင်းဆောင်ရွက်ခဲ့ပါသည်။
ထိုသို့ဆောင်ရွက်ရာတွင် စစ်ဆေးရေးအရာရှိ ဒေါ်ခိုင်ခိုင်လင်းဒုဦးစီးမှုးသည် အွန်လိုင်းမှတ်ပုံတင်စနစ်တွင် မှတ်ပုံတင်ထားရှိသည့် အချက်အလက်များ မြေပြင်စစ်ဆေးရာတွင် ကိုက်ညီမှုရှိ/မရှိနှင့် အခြားလိုအပ် သည့်အချက်အလက် များ ပြည့်စုံမှန်ကန်မှုရှိ/မရှိနှင့် စားသုံးသူကာကွယ်ရေးဥပဒေပါ စားသုံးသူအခွင့်အရေးနှင့်တာဝန်များ၊ စီးပွားရေး လုပ်ငန်းရှင်များ လိုက်နာဆေင်ရွက်ရမည့်တာဝန်များအကြောင်း၊ ကုန်အညွှန်းအမှတ်အသား ဖော်ပြခြင်းဆိုင်ရာ များနှင့် ပတ်သက်၍လည်း ရှင်းလင်းဆွေးနွေးခဲ့ပြီး စစ်ဆေးခဲ့ကြောင်း သိရပါသည်။
DOCA(ဧရာဝတီ)