
စားသုံးသူရေးရာဦးစီးဌာန၊ ကယားပြည်နယ်ဦးစီးမှူးရုံးမှ ၂၀၂၅ ခုနှစ် ၊ မေလ (၁၄) ရက်နေ့ နံနက်(၁၀ : ၃၀) အချိန်တွင် လွိုင်ကော်မြို့ပေါ်ရှိ ဆေးနှင့် ဆေးပစ္စည်းရောင်းချ နေသည့် ဆေးဆိုင်များသို့ ကွင်းဆင်း၍ ဆေးနှင့်ဆေးပစ္စည်းများ ဖြစ်သင့်ဖြစ်ထိုက်သည့် ဈေးနှုန်းနှင့် ဈေးနှုန်းမြှင့်တင်ရောင်းချခြင်း ၊ ပြည်နယ်အတွင်း ရောင်းဝယ်ဖောက်ကားခြင်း ၊ ဆေးများပြတ်လပ်ခြင်း၊ ဈေးကွက်အတွင်း၌ စပ်ဆေးများရောင်းချခြင်း ရှိ/မရှိ အိမ်သုံး ဆေးဝါးများ ရောင်းချနေသော ဆေးဆိုင်များ၌ သက်တမ်းလွန်ဆေးဝါးများ ရောင်းချနေမှုများ ရှိ/မရှိ နှင့် မြန်မာနိုင်ငံစားသုံးသူရေးရာ ကော်မရှင်၏ ညွှန်ကြားချက်အမှတ် ၂/ ၂၀၁၉ ပါ သတ်မှတ် ချက်နှင့် ကိုက်ညီမှုရှိ/မရှိ စစ်ဆေးခြင်းကို သက်ဆိုင်မိတ်ဖက်များနှင့်ပူးပေါင်း၍ ဈေးကွက် စောင့်ကြည့်စစ်ဆေးခဲ့ကြောင်းသိရှိရပါသည်။
ထိုသို့ ဈေးကွက်စောင့်ကြည့်စစ်ဆေးခြင်းဆောင်ရွက်ခဲ့ရာတွင် ဆေးဆိုင်များ၌ ရောင်း ချနေသော အိမ်သုံးဆေးဝါးများ ပြတ်လပ်မှုမရှိကြောင်း၊ သက်တမ်းလွန်ရောင်းချခြင်း မရှိ ကြောင်း၊ ဆေးဝါးများအား ဈေးနှုန်းမြှင့်တင် ရောင်းချခြင်းမရှိဘဲ ၊ဈေးကစားခြင်း အလို့ငှာ သိုလှောင်ထားခြင်းလည်းမရှိကြောင်း၊ မိမိတို့အနေဖြင့်ဆေးများကို မန္တလေးမြို့၊ တောင်ကြီး မြို့၊ အောင်ပန်းမြို့တို့တွင် ဖြန့်ဖြူးရောင်းချနေသော ကုမ္ပဏီများ ထံမှမှာယူရောင်းချကြောင်း၊ မှာယူရောင်းချသောဆေးများသည် မြန်မာနိုင်ငံစားသုံးသူကာကွယ်ရေးကော်မရှင်ရုံး၏ ၂/ ၂၀၁၉ ကုန်အညွှန်းအမှတ်အသားပါ မြန်မာဘာသာဖြင့်ဖြစ်စေ ၊မြန်မာဘာသာနှင့် အခြား ဘာသာတစ်ခုသို့မဟုတ်တစ်ခုထက်ပို၍ တွဲလျက် ဖော်ပြထားသော စာသားများပါ ကိုက်ညီမှု ရှိတဲ့ ဆေးဝါးများသာ ဝယ်ယူရောင်းချကြောင်း သတင်းရရှိပါသည်။
DOCA (ကယား )