
စားသုံးသူရေးရာဦးစီးဌာန၊ ကယားပြည်နယ်ဦးစီးမှူးရုံးမှ ၂၀၂၅ ခုနှစ်၊ မတ်လ( ၁၃ ) ရက်နေ့၊ နေ့လည်(၁၄:၀၀)နာရီအချိန်တွင် ကယားပြည်နယ်ဦးစီးမှူးရုံးအစည်းအဝေးခန်းမ၌ ကယားပြည်နယ် ဆီကုန်သည်နှင့် ဆီလုပ်ငန်းရှင်များအသင်းအား တွေ့ဆုံဆွေးနွေးမှု ဆောင်ရွက်ခဲ့ပါသည်။
အဆိုပါ တွေ့ဆုံဆွေးနွေးပွဲတွင် စားသုံးသူရေးရာဦးစီးဌာန၊ ခေတ္တပြည်နယ်ဦးစီးမှူးက မိမိတို့သည် အကြမ်းဖက်အဖွဲ့အစည်းများနှင့် နီးကပ်စွာတည်ရှိနေသည့်အတွက် အထူးဂရုပြု ရောင်းဝယ်ရန် လိုအပ်ပါကြောင်း၊ မထင်မှတ်ပဲ အကြမ်းဖက်အားပေးသလို ဖြစ်နိုင်သည့်အတွက် ပွင့်လင်းမြင်သာစွာ ရောင်းချရန်လိုအပ်ပါကြောင်း၊ လူတစ်ဦး သတ်မှတ်အရေအတွက်၊ သတ်မှတ် နှုန်းထားဖြင့် အလေးအချိန်နှင့်ဈေးနှုန်း အချိန်မှန်မှန်ဖြင့် ရောင်းချရမည်ဖြစ်ကြောင်း၊ မလိုလား အပ်သောသူများထံ မရောက်ရှိ/ မရောင်းချမိရန် လိုအပ်ပါကြောင်း၊ တစ်ဆင့်ခံဝယ်ယူပြီး ပြန် လည်ရောင်းချသူများထံ မရောင်းချမိဖို့လည်း လိုအပ်ပါကြောင်း၊ ပြည်နယ်အတွင်း ပြန်လည်ဝင် ရောက်မှု၊ နေထိုင်မှုများ တိုးတက်လာသည့်အတွက် အရောင်းဆိုင်များ ထပ်မံတိုးချဲ့ဖွင့်လှစ်ရန် လိုအပ်/မလိုအပ် သဘောထားမှတ်ချက် တင်ပြဖို့လိုပါကြောင်း၊ မိမိအနေဖြင့် ယနေ့ဆွေးနွေး ချက်များအပေါ် ပြည်နယ်အစိုးရအဖွဲ့သို့ တင်ပြလမ်းညွှန်မှု ခံယူပေးသွားမည်ဖြစ်ပါကြောင်းနှင့် ကယားပြည်နယ်အတွင်း စားအုန်းဆီရောင်းဝယ်နေမှု အခြေအနေများအားလည်းကောင်း အပြန် အလှန်ဆွေးနွေးခဲ့ကြပြီး တွေ့ဆုံဆွေးနွေးပွဲအား နေ့လည်(၁၆:၃၀)နာရီအချိန်တွင် ရုပ်သိမ်းခဲ့ကြောင်း သိရှိရပါသည်။
DOCA(ကယား)