
ဧရာဝတီတိုင်းဒေသကြီး၊ စားသုံးသူရေးရာဦးစီးဌာန၊ လပွတ္တာခရိုင် လပွတ္တာမြို့နယ် တာဝန်ခံ ဦးမြင့်ဌေးနှင့်ဝန်ထမ်းများသည် မြို့နယ်စည်ပင်သာယာရေးအဖွဲ့နှင့် ပူးပေါင်း၍( ၁၂.၅.၂၀၂၅)ရက်နေ့ နံနက်(၁၁:၃၀) နာရီအချိန်တွင် လပွတ္တာမြို့နယ်အတွင်းရှိ ဘိလပ်မြေ အရောင်းဆိုင်များအား ဈေးနှုန်းမြှင့်တင်ရောင်းချခြင်း ရှိ/မရှိ ကွင်းဆင်းစစ်ဆေးခဲ့ပါသည်။
ထိုသို့ကွင်းဆင်းစစ်ဆေးဆောင်ရွက်ရာတွင် စားသုံးသူရေးရာဉီးစီးဌာန၊ လပွတ္တာမြို့နယ် တာဝန်ခံမှ အိမ်ဆောက်ပစ္စည်းဖြန့်ဖြူးရောင်းချလျက်ရှိသော ရွေးနဒီဈေးရှိ အိမ်ဆောက်ပစ္စည်း အရောင်းဆိုင်များမှ ဆိုင်ပိုင်ရှင်များနှင့် သွားရောက်တွေ့ဆုံ၍ ဘိလပ်မြေအမျိုးအစားများအလိုက် လက်လီ/လက်ကားဈေးနှုန်းများ၊ ယခင်လ/ယခုလ ကွာခြားချက်ဈေးနှုန်းများ အတက်အကျ ဖြစ်သည့်အကြောင်းအရင်းများ၊ မြေပြင်လက်ကျန် အခြေအနေများ၊ ပစ္စည်းပြတ်လပ်မှု ရှိ/မရှိ ဈေးကွက်အခြေအနေများအား မြေပြင်တွင်ကွင်းဆင်း စစ်ဆေးခဲ့ပြီး ဆိုင်ပိုင်ရှင်များအား လက်ကျန် ပစ္စည်းများကို ဈေးကစားရန်ရည်ရွယ်ချက်ဖြင့် သိုလှောင်ထားရှိခြင်းများ မပြုလုပ်ကြရန် ဈေးနှုန်းမြှင့်တင်ရောင်းချခြင်းများ မပြုလုပ်ကြရန် ဆိုင်ပိုင်ရှင်များအား အသိပညာပေးဆွေးနွေး ပြောကြားခဲ့ကြောင်းသိရှိရပါသည်။
DOCA(ဧရာဝတီ)