ထားဝယ်ခရိုင်ဆောက်လုပ်ရေးလုပ်ငန်းသုံးပစ္စည်းရောင်းဝယ်ရေးအသင်းဖွဲ့စည်းခြင်း အခမ်းအနားအား ကျင်းပပြုလုပ်ခြင်း

Powered by Drupal

        ၂၀၂၅ ခုနှစ်၊ မေလ ၁၅ ရက်နေ့၊ နေ့လည် (၁၃း၀၀) နာရီအချိန်တွင် တနင်္သာရီတိုင်းဒေသကြီး အစိုးရအဖွဲ့၊ စီးပွားရေးရာဝန်ကြီးဦးဆောင်မှုဖြင့် ထားဝယ်ခရိုင်ဆောက်လုပ်ရေးလုပ်ငန်းသုံးပစ္စည်း ရောင်းဝယ်ရေးအသင်းဖွဲ့စည်းခြင်းအခမ်းအနားအား စားသုံးသူရေးရာဦးစီးဌာန၊ တနင်္သာရီတိုင်းဒေသ ကြီးဦးစီးမှူးရုံး အစည်းအဝေးခန်းမတွင် ကျင်းပပြုလုပ်ခဲ့ပါသည်။

          အစည်းအဝေးတွင် တိုင်းဒေသကြီးအစိုးရအဖွဲ့၊ စီးပွားရေးရာဝန်ကြီးမှ အဖွင့်အမှာစကားပြောကြားခြင်း၊ စားသုံးသူရေးရာဦးစီးဌာနမှ  တိုင်းဒေသကြီးဦးစီးမှူး၊ ရင်းနှီးမြှုပ်နှံမှုနှင့်ကုမ္ပဏီများညွှန်ကြားမှုဦးစီးဌာနမှ ညွှန်ကြားရေးမှူး၊ လမ်းဦးစီးဌာန(မြို့ပြ)မှ လက်ထောက်ညွှန်ကြားရေးမှူး၊ ထားဝယ်ခရိုင်စီမံအုပ်ချုပ်ရေးအဖွဲ့ ဥက္ကဋ္ဌ တို့မှ အသီးသီးရှင်းလင်းဆွေးနွေးခဲ့ကြပြီး တက်ရောက်လာသောဆောက်လုပ်ရေးလုပ်ငန်းရှင်များမှ မိမိတို့ဆန္ဒအလျောက် EC/CEC များရွေးချယ်တင်မြှောက်ခြင်းများပြုလုပ်ခဲ့ကြပြီး အစည်းအဝေးအား (၁၄း၄၅) အချိန်တွင် ‌အောင်မြင်စွာပြီးမြောက်ခဲ့ကြောင်း သိရှိရပါသည်။

DOCA(တနင်္သာရီ)