မကွေးတိုင်းဒေသကြီး စက်မှုကြီးကြပ်နှင့်စစ်ဆေးရေးဦးစီးဌာန၊ တိုင်းဒေသကြီးဦးစီးမှူး၏ ဖိတ်ကြားမှု၊ တိုင်းဒေသကြီးဦးစီးမှူး၏ လမ်းညွှန်မှုအရ ၂၀၂၂ ခုနှစ်၊ ဇွန်လ (၁၆)ရက်နေ့တွင် စားသုံးသူရေးရာဦးစီးဌာန၏ လက်ရှိလိုက်နာကျင့်သုံးဆောင်ရွက်လျက်ရှိသည့် ဥပဒေ၊ နည်းဥပဒေ၊ လုပ်ထုံးလုပ်နည်းများအား စက်မှုကြီးကြပ်ရေးနှင့်စစ်ဆေးရေးဦးစီးဌာနရှိ အမှုထမ်း၊ အရာထမ်းများအား အသိပေး ရှင်းလင်းဆွေးနွေးခြင်းများ ဆောင်ရွက်ခဲ့ပါသည်။
အဆိုပါအသိပညာပေးအခမ်းအနားတွင် စက်မှုကြီးကြပ်နှင့်စစ်ဆေးရေးဦးစီးဌာန၊ တိုင်းဒေသကြီး ဦးစီးမှူးက အဖွင့်စကားပြောကြားပြီး ဒုတိယတိုင်းဒေသကြီးဦးစီးမှူး ဒေါ်အေးအေးမိုးက စားသုံးသူ ကာကွယ်ရေးဥပဒေ (၂၀၁၉)ပါ အချက်များအား Power Point ဖြင့်အသေးစိတ် ရှင်းလင်းဆွေးနွေးခဲ့ပါသည်။ ထို့နောက် ဦးစီးအရာရှိ ဒေါ်အေးမဥ္ဇူခိုင်မှ စားသုံးသူများရရှိမည့် အခွင့်အရေးများနှင့် CICC တိုင်ကြားမှုဖြစ်စဉ်များအား ဆွေးနွေးခဲ့ပြီး တက်ရောက်လာသည့် စက်မှုကြီးကြပ်နှင့် စစ်ဆေးရေးဦးစီး ဌာနမှ ဝန်ထမ်း(၄၇)ဦးတို့အား အသိပညာပေးလက်ကမ်းစာစောင်များကို ဝေငှကာ တိုင်းဒေသကြီး ဦးစီးမှူးသို့ စားသုံးသူကာကွယ်ရေးဥပဒေ (၂၀၁၉)စာအုပ်များအား ဖတ်ရှုလေ့လာနိုင်ရန်အတွက် ပေးအပ်ခဲ့ပါကြောင်း သတင်းရရှိပါသည်။
DOCA(မကွေး)