၂၀၂၅ မိုးရာသီစိုက်ပျိုးစရိတ်ချေးငွေထုတ်ချေးရေးနှင့် အချိန်စေ့လွန်ကြွေးကျန်များ ပြန်လည်ကောက်ခံရေးဆိုင်ရာ တိုင်းဒေသကြီးချေးငွေအကြံပေးအဖွဲ့အစည်းသို့ တိုင်းဒေသကြီးဦးစီးမှူးမှ တက်ရောက်

Powered by Drupal

        ၂၀၂၅ ခုနှစ်၊ မေလ ၁၆ ရက်နေ့၊ (၁၃း၀၀) နာရီအချိန်တွင် တနင်္သာရီတိုင်းဒေသကြီး အစိုးရအဖွဲ့၊ စီးပွားရေးရာဝန်ကြီးအခန်းတွင် မြန်မာ့လယ်ယာဖွံ့ဖြိုးရေးဘဏ်၊ တနင်္သာရီတိုင်းဒေသကြီးမှ တာဝန်ယူကျင်းပမည့် ၂၀၂၅ မိုးရာသီစိုက်ပျိုးစရိတ်ချေးငွေထုတ်ချေးရေးနှင့် အချိန်စေ့ လွန်ကြွေးကျန်များ ပြန်လည်ကောက်ခံရေးဆိုင်ရာ တိုင်းဒေသကြီးချေးငွေအကြံပေးအဖွဲ့ အစည်း အဝေးသို့ စားသုံးသူရေးရာဦးစီးဌာန၊ တိုင်းဒေသကြီးဦးစီးမှူးမှ တက်ရောက်ခဲ့ပါသည်။

          အစည်းအဝေးတွင် တိုင်းဒေသကြီးချေးငွေအကြံပေးအဖွဲ့ ဥက္ကဋ္ဌ၊ တိုင်းဒေသကြီးအစိုးရအဖွဲ့၊ စီးပွားရေးရာဝန်ကြီးမှ အဖွင့်အမှာစကား ပြောကြားခြင်း၊ တိုင်းဒေသကြီးချေး ငွေအကြံပေးအဖွဲ့၊ အတွင်းရေးမှူး၊ မြန်မာ့လယ်ယာဖွံ့ဖြိုးရေးဘဏ်၊ တိုင်းဒေသကြီးမန်နေဂျာမှ ၂၀၂၅ မိုးရာသီ စိုက်ပျိုး စရိတ်ချေးငွေထုတ်ချေးရေးနှင့် အချိန်စေ့လွန်ကြွေးကျန်များ ပြန်လည်ကောက်ခံရေးဆိုင်ရာ ကိစ္စရပ် များနှင့်စပ်လျဥ်း၍ ရှင်းလင်းဆွေးနွေးခြင်း၊ တက်ရောက်လာကြသော တိုင်းဒေသကြီးချေးငွေအကြံ ပေးအဖွဲ့မှ အဖွဲ့ဝင်များမှ အသီးသီးဆွေးနွေးတင်ပြခြင်းများဆောင်ရွက်ခဲ့ကာ တိုင်းဒေသကြီးချေးငွေ အကြံပေးအဖွဲ့ ဥက္ကဋ္ဌ၊ တိုင်းဒေသကြီးအစိုးရအဖွဲ့၊ စီးပွားရေးရာဝန်ကြီးမှ နိဂုံးချုပ်အမှာစကား ပြောကြားခဲ့ကာ အစည်းအဝေးအား (၁၄း၄၅)နာရီ အချိန်တွင် ‌အောင်မြင်စွာပြီးမြောက်ခဲ့ကြောင်း သိရှိရပါသည်။

DOCA(တနင်္သာရီ)