စားသုံးသူကာကွယ်ရေးလုပ်ငန်းများကို ပိုမိုထိရောက်စွာဆောင်ရွက်နိုင်ရန်နှင့် စားသုံးသူ နှင့် စီးပွားရေးလုပ်ငန်းရှင်တို့ကြား အငြင်းပွားမှုများကို စေ့စပ်ညှိနှိုင်းဆောင်ရွက်ပေးနိုင်ရန် ရည်ရွယ်၍ ၂၀၂၂ ခုနှစ် ဇွန်လ ၂၉ ရက်နေ့(၁၅:၀၀)နာရီတွင် မန္တလေးတိုင်းဒေသကြီး၊စားသုံးသူ ရေးရာဦးစီးဌာန အစည်းအဝေးခန်းမ၌ တိုင်းဒေသကြီးစားသုံးသူရေးရာကော်မတီ လုပ်ငန်းညှိနှိုင်း အစည်းအဝေး (၂/၂၀၂၂)ကို ကျင်းပခဲ့သည်။
အစည်းအဝေးတွင်မန္တလေးတိုင်းဒေသကြီး၊စားသုံးသူရေးရာကော်မတီဥက္ကဌတိုင်းဒေသကြီး အစိုးရအဖွဲ့ စီးပွားရေးရာဝန်ကြီး၊ ဦးသိန်းဌေးမှ အဖွင့်အမှာစကားပြောကြားပြီး၊ စားသုံးသူရေးရာ ကော်မတီအတွင်းရေးမှူး တိုင်းဒေသကြီးဦးစီးမှူး ဦးမြင့်ဇော်ဦးကတိုင်ကြားမှုများနှင့်ပတ်သက်၍ ရှင်းလင်းတင်ပြဆွေးနွေးခဲ့ရာ တက်ရောက်လာသည့်ကော်မတီအဖွဲ့ဝင်များမှ ဝိုင်းဝန်းအကြံပြု ဆွေးနွေးခဲ့ရာ အစည်းအဝေးဆုံးဖြတ်ချက်(၃)ချက် ချမှတ်နိုင်ခဲ့ပြီး ဝန်ကြီးမှနိဂုံးချုပ်စကား ပြောကြား၍ အစည်းအဝေးကို ညနေ(၁၆:၀၀)နာရီတွင် ရုပ်သိမ်းခဲ့ပါသည်။ အဆိုပါအစည်းအဝေးသို့ တိုင်းဒေသကြီးစားသုံးသူကော်မတီအဖွဲ့ဝင်များ၊ ဖိတ်ကြားထားသည့် ဌာနခွဲတာဝန်ခံများ စုစုပေါင်း ၁၃ ဦးတက်ရောက်ခဲ့ကြကြောင်း သတင်းရရှိသည်။
DOCA (မန္တလေး)