
(၁၃.၅.၂၀၂၅) ရက်နေ့တွင် စားသုံးသူရေးရာဦးစီးဌာန ၊ ရန်ကုန်ရှေ့ပိုင်းခရိုင်ဦးစီးမှူးရုံးမှ ဒေါ်အေးအေးမော်(စစ်ဆေးရေးမှူး) နှင့် ဝန်ထမ်းများသည် ဦးစားပေးကုန်စည်များတွင် တစ်မျိုး အပါအဝင်ဖြစ်သော သွားတိုက်ဆေးဘူးများအား ဈေးစည်ပင်သာယာရေးကော်မတီနှင့် ပူးပေါင်း ၍ ပုဇွန်တောင်ဈေးအတွင်းရောင်းချသည့် သွားတိုက်ဆေးအမျိုးမျိုးအား စစ်ဆေးဆောင်ရွက်ရန် ဆိုင်(၃)ဆိုင်ရှိ ဆိုင်တာဝန်ခံများနှင့်တွေ့ဆုံ စစ်ဆေးမှုများဆောင်ရွက်ခဲ့ကြောင်း သိရှိရပါသည်။
စစ်ဆေးရာတွင် သွားတိုက်ဆေးအမှတ်တံဆိပ်အမျိုးမျိုးဖြစ်သော လေဆာ၊ ဆစ်ဂနယ်၊ COLGATE စသည့်တို့တွင် ကုန်အညွှန်းအမှတ်အသားပြည့်စုံစွာဖော်ပြပါရှိပြီး သက်ဆိုင်ရာဌာန များ၏ ထောက်ခံချက်များ ပါရှိသည်ကို စစ်ဆေးတွေ့ရှိခဲ့ကြောင်း သိရှိရပါသည်။
DOCA (ရန်ကုန်)