
(၈-၄-၂၀၂၅ ) ရက်နေ့ နံနက် (၁၀:၀၀)နာရီအချိန်တွင် စားသုံးသူရေးရာဦးစီးဌာန၊ ပန်းတနော်မြို့နယ်ဦးစီးမှူးရုံးမှ ဝန်ထမ်းများသည် အထွေထွေအုပ်ချုပ်ရေးဦးစီးဌာန၊ စည်ပင်သာယာရေးအဖွဲ့ တို့ ဖြင့်ပူးပေါင်း၍ ပြည်တွင်းစားဆန်စျေးနှုန်းများ သင့်တင့်မျှတစွာဖြင့် တည်ငြိမ်မှန်ကန်စေ ရေးအတွက် ပန်းတနော်မြို့ပေါ်ရှိ ဆန်အရောင်းဆိုင်ကြီး (၅)ဆိုင်အား စစ်ဆေးဆောင်ရွက်ခဲ့ကြောင်းသိရသည်။
ထိုသို့ ပူးပေါင်းအဖွဲ့ဖြင့်စစ်ဆေးရာတွင် ပြည်တွင်းစားဆန်စျေးနှုန်းများ သင့်တင့်မျှတစွာဖြင့် တည်ငြိမ်မှန်ကန်စေရေးအတွက် ဆန်စျေးနှုန်းများ စျေးနှုန်းမြှင့်တင်ရောင်းချမှုများ ရှိ/မရှိ၊ အလေးချိန်မှန်ကန်စွာဖြင့် ချိန်တွယ်ရောင်းချမှုများရှိ/ မရှိနှင့် ဆန် သိုလှောင်မှုအခြေအနေ လက်ကျန်ဆန်အိတ် များရှိ/ မရှိ စစ်ဆေးခြင်း၊ ဆန်သိုလှောင်ရုံ မှတ်ပုံတင်ထားရှိမှု အခြေအနေနှင့် သတ်တမ်းတိုးထားရှိမှု အခြေအနေများ၊ လိုအပ်သည်များအား ရှင်းလင်းပြောကြားခဲ့ကြောင်း သိရှိရပါသည်။
DOCA(ဧရာဝတီ)