မိတ္ထီလာမြို့နယ်၊စိန်ဒေါင်းစူပါစတိုးရှိ အချိုရည်အမျိုးမျိုး‌‌ရောင်းချနေသောဆိုင်များအား ကွင်းဆင်းစစ်ဆေးခြင်း

Powered by Drupal

     စားသုံးသူရေးရာဦးစီးဌာန ၊ မန္တလေးတိုင်းဒေသကြီး၊ မိတ္ထီလာခရိုင်ဦးစီးမှူးရုံး၊ ခရိုင်ဦးစီးမှူးဦးစီးမှူး၏ လမ်းညွှန်မှုဖြင့်  မိတ္ထီလာခရိုင်ဦးစီးမှူးရုံးမှ ဝန်ထမ်းများသည် ကုန်စည်များ၏ဘေးအန္တရာယ်ကင်းရှင်းရေးနှင့် ကုန်အညွှန်းအမှတ်အသားဆိုင်ရာ သတ်မှတ်ချက်များနှင့်အညီ စားသုံးသူများနှင့်စီးပွားရေး လုပ်ငန်းရှင်များကြား သတိပေးချက်တစ်ခုဖြစ်စေနိုင်ရန်နှင့် စားသုံးသူများအတွက်လည်း ဘေးအန္တ ရာယ်ကင်းရှင်းသော ကုန်စည်ကိုသာဝယ်ယူရရှိစေရန်နှင့် အသင့်သောက်အချိုရည်အမျိုးမျိုးသည် အသက်အရွယ်ငယ်ရွယ်သူများ သက်လတ်ပိုင်းများ နေ့စဉ်စားသုံးမှုအများဆုံးဖြစ်၍ ကျန်းမာရေး ထိခိုက်မှုဖြစ်ပွားနိုင်မှုများခြင်းကြောင့် ၂၀၂၄ ခုနှစ်၊ မေလ၁၆ ရက်နေ့တွင် စိန်ဒေါင်းစူပါစတိုးအား စျေးကွက်စောင့်ကြည့်စစ်ဆေးခြင်းများ ဆောင်ရွက်ခဲ့ပါသည်။

      ထိုသို့ကွင်းဆင်းစစ်ဆေးခဲ့ရာတွင် စိန်ဒေါင်းစူပါစတိုးအတွင်း ကွင်းဆင်းစစ်ဆေးရာတွင် အသင့်သောက်အချိုရည်အမျိုးမျိုးတွင် ကုန်အညွှန်းအမှတ်အသား ပြည့်စုံစွာဖော်ပြထားကြောင်း စစ်ဆေးတွေ့ရှိရပါသည်။

DOCA(မန္တလေး)