
စားသုံးသူရေးရာဦးစီးဌာန ၊ မအူပင်ခရိုင် နှင့် ခရိုင်အစားအသောက်ဆေးဝါးကွပ်ပဲရေးဦးစီးဌာန၏ ကြီးကြပ်မှုဖြင့် မအူပင်မြို့နယ် ဝန်ထမ်းများသည် (၈-၄-၂၀၂၅) ရက်နေ့ ၊နံနက်(၉း၃၀)အချိန်တွင် မအူပင်မြို့ပေါ်ရှိ ဆေးဆိုင်(၇)ဆိုင်၊ အလှကုန်ဆိုင်(၃)ဆိုင် သို့ စျေးကွက်စောင့်ကြည့် စစ်ဆေးခဲ့ပါသည်။
အဆိုပါဆေးဆိုင်များတွင် ရောင်းချနေသော ဆေးဝါးများ၊ Mask ၊ Handgel၊ စံမမှီဆေးဝါးများနှင့် တားမြစ်ဆေးဝါး ထိန်းချုပ်ဆေးဝါးများ ရောင်းချခြင်း ရှိ/မရှိ စစ်ဆေးခဲ့ပြီး ဆေးစျေးနှုန်းများ မှန်ကန်မှုရှိစေရေးနှင့် စျေးနှုန်းများအဆမ တန်မြင့်တင်၍ စျေးကစားခြင်းများ မပြုလုပ်စေရေး ရည်ရွယ်၍ သွားရောက်စစ်ဆေးခဲ့ပါသည်။ စျေးကွက်အတွင်း ဆေးပြတ်လပ်မှု ရှိ/မရှိ၊ သတ်မှတ်ချက်များအတိုင်း လိုက်နာဆောင်ရွက်ခြင်း ရှိ/မရှိတို့ကို စစ်ဆေးခဲ့ပြီး ဆေးလက်ကျန် အခြေအနေနှင့် ဆေးပစ္စည်း လိုအပ်ချက်များအား မေးမြန်းဆွေးနွေးခြင်း၊ အလှကုန်ပစ္စည်းအရောင်းဆိုင်များ အား သုံးစွဲရန်မသင့်ထုတ်ပြန်ထားသော အလှကုန်ပစ္စည်းများ ရောင်းချမှု ရှိ/မရှိကို စစ်ဆေးခြင်း သက်တမ်းလွန်အလှကုန်များ ရောင်းချခြင်းမပြုရန်ကို အသိပေးပြောကြားခဲ့ ကြောင်း သိရှိရပါသည်။
DOCA(ဧရာဝတီ)