
ဧရာဝတီတိုင်းဒေသကြီး၊ ဖျာပုံခရိုင်၊ ဒေးဒရဲမြို့နယ် စားသုံးသူရေးရာဦးစီးဌာနမှ မြို့နယ်တာဝန်ခံနှင့် ဝန်ထမ်းတို့သည် ၂၀၂၅ ခုနှစ်၊ ဧပြီလ (၈) ရက်နေ့ ၊ နေ့လည် (၁၃:၀၀) နာရီ အချိန်တွင် ဒေးဒရဲမြို့ ၊ ပြန်ကြားရေးနှင့် ပြည်သူ့ဆက်ဆံရေးဦးစီးဌာနတွင် စာဖတ်သူပြည်သူ (၉) ဦး အား စားသုံးသူကာကွယ်ရေး အသိပညာပေး ဟောပြောခြင်းကို ဆောင်ရွက်ခဲ့ပါသည်။
အဆိုပါ ဟောပြောပွဲတွင် မြို့နယ်တာဝန်ခံမှ စားသုံးသူ၏ အခွင့်အရေးနှင့် တာဝန်များ၊ ကုန်အညွှန်းအမှတ်အသားဖော်ပြချက်နှင့် စပ်လျဉ်း၍ သိကောင်းစရာများ၊ ထုတ်ကုန်လုံခြုံစိတ်ချရမှု ဆိုင်ရာ သိကောင်းစရာများ၊ စားသုံးသူများ ထိခိုက်နစ်နာမှုနှင့် ပက်သက်၍ တိုင်ကြားနိုင်သည့် နေရာများ၊ ဦးစီးဌာန၏ website ဖုန်းနံပတ်များ အကြောင်းကို အသိပညာပေးဟောပြောဆွေးနွေးခဲ့ သည်ဟု သတင်းရရှိပါသည်။
DOCA(ဧရာဝတီ)