
ဧရာဝတီတိုင်းဒေသကြီး၊ ဖျာပုံခရိုင် ၊ ကျိုက်လတ်မြို့နယ်ဒု-ကြီးကြပ်ရေးမှူး ဦးတင်စိန်နှင့် ဝန်ထမ်းတို့ သည် အထူးစုံစမ်းစစ်ဆေးရေးဦးစီးဌာနတို့နှင့် ပူးပေါင်း၍ ၂၀၂၅ ခုနှစ်၊ ဧပြီလ (၈) ရက်နေ့၊ နံနက် (၁၀:၀၀) နာရီအချိန်တွင် ၊ အိမ်ဆောက်ပစ္စည်းနှင့် ဘိလပ်ဈေးနှုန်း များ ဈေးကွက် စောင့်ကြည့် စစ်ဆေး ခဲ့ကြပါသည်။
ကျိုက်လတ်မြို့နယ် စားသုံးသူရေးရာဦးစီးဌာန မှ ဒု-ကြီးကြပ်ရေးမှူး ဦးတင်စိန်က အိမ်ဆောက် ပစ္စည်းများ ရောင်းချနေမှုအခြေအနေ၊ ဈေးနှုန်းဈေးကွက်အခြေအနေ၊ အလေးချိန် မှန်ကန်စွာ ရောင်းချ နေမှုရှိ/မရှိ တို့ကို ကွင်းဆင်းစစ်ဆေး ခဲ့ကြပါသည်။ ထို့နောက် နေ့စဉ်ဘိလပ်မြေ ဝင်ရောက်နေမှု အခြေအနေ၊ ဈေးနှုန်းမြှင့်တင်ရောင်းချခြင်းများ မပြုကြရန်နှင့် ဈေးကွက်စောင့်ကြည့်စစ်ဆေးခဲ့ ကြသည်ဟု သတင်းရရှိပါသည်။
DOCA(ဧရာဝတီ)