ဧရာဝတီတိုင်းဒေသကြီးအစိုးရအဖွဲ့ ဝန်ကြီးမှ သာပေါင်းမြို့နယ် ကြက်သွန်ကွင်းကျေးရွာ ပြည့်ဖြိုးကျော်ဆန်စက် Gasifier ဆန်စက်ကွင်းဆင်းစစ်ဆေး

Powered by Drupal

  ဧရာဝတီတိုင်းဒေသကြီးအစိုးရအဖွဲ့ သယံဇာတနှင့် ပတ်ဝန်းကျင်ထိန်းသိမ်းရေးဝန်ကြီးဌာန ပြည်ထောင်စုဝန်ကြီး ဦးအုန်းမြင့် စက်မှုကြီးကြပ်ရေးနှင့် စစ်ဆေးရေးဦးစီးဌာန ညွှန်ကြားရေးမှူး ပတ်ဝန်းကျင် ထိန်းသိမ်းရေးဦးစီးဌာန၊ ညွှန်ကြားရေးမှူး စားသုံးသူရေးရာဦးစီးဌာန ဒုတိယညွှန်ကြားရေးမှူး ဦးထွန်းထွန်း၊ မြို့နယ်စီမံအုပ်ချုပ်ရေးအဖွဲ့ ဥက္ကဋ္ဌ ဦးမင်းဧရာထိုက် ၊ စားသုံးသူရေးရာဦးစီးဌာန မြို့နယ်ဦးစီးမှူး ဦးထွန်းမင်းလတ် တို့သည် ဧပြီလ ၈ ရက်နေ့တွင် သာပေါင်းမြို့နယ် အမှတ် (၃)ရပ်ကွက်ရှိ နေယုဆန်စက်နှင့် ကြက်သွန်ကွင်းကျေးရွာ ပြည့်ဖြိုးကျော် ဆန်စက်၌ Gasifier ဖြင့် သုံးစွဲရာတွင် စနစ်တကျသုံးစွဲ၍ ပတ်ဝန်းကျင်မထိခိုက်စေရေး ကွင်းဆင်းစစ်ဆေးခဲ့ပါသည်၊၊

    အဆိုပါဆန်စက်တွင် တိုင်းဒေသကြီးအစိုးရအဖွဲ့ဝန်ကြီး ဦးအုန်းမြင့်က ဦးဆောင်၍ လက်ရှိ ကောက်သစ် စပါး/ဆန်ဈေးနှုန်း တင်ပို့ရောင်းချသည့် ဈေးကွက်အခြေအနေ လုပ်အား အခြေအနေများနှင့် Gasifier ဖြင့် သုံးစွဲရာတွင် စနစ်တကျသုံးစွဲ၍ စွန့်ပစ်ရေးများကြောင့် သဘာဝ ပတ်ဝန်းကျင် မထိခိုက်စေရေး ရေစစ်ကန် ရေထွက်ကန်များ စံချိန်မီစံညွှန်းအတိုင်း တည်ဆောက်ပြုပြင်ရေး လိုအပ်သည်များကို သက်ဆိုင်ရာ ဌာနများအလိုက် ကြီးကြပ် ဆောင်ရွက်ရန် ကွင်းဆင်းမှာကြားခဲ့ပါသည်၊၊

DOCA(ဧရာဝတီ)