မြောင်းမြခရိုင်၊ ဝါးခယ်မမြို့နယ် စားသုံးသူပြည်သူများအား စားသုံးသူကာကွယ်ရေးအသိပညာပေး Talk Show ပြုလုပ်

Powered by Drupal

     ဧရာဝတီတိုင်းဒေသကြီး၊ စားသုံးသူရေးရာဦးစီးဌာန၊ မြောင်းမြခရိုင် ဝါးခယ်မမြို့နယ်   တာဝန်ခံ ဦးအောင်မိုးသည် (၁၂.၅.၂၀၂၅)ရက်နေ့ မွန်းလွှဲ(၃:၃၀)အချိန်တွင် ပြန်ကြားရေးနှင့်ပြည်သူ့ဆက်ဆံရေး ဦးစီးဌာနတို့နှင့်ပူးပေါင်း၍ စားသုံးသူပြည်သူများအား ဝါးခယ်မမြို့နယ်၊ ပြန်ကြားရေးနှင့်ပြည်သူ့ဆက်ဆံရေး ဦးစီးဌာန၊ လူထုအခြေပြု Community Centre ခန်းမတွင် စားသုံးသူအသိပညာပေး Talk Show ပြုလုပ်ခဲ့ပါ သည်။

    ထိုသို့ဟောပြောဆွေးနွေးရာတွင် ပြန်ကြားရေးနှင့်ပြည်သူ့ဆက်ဆံရေးဦးစီးဌာန မြို့နယ်ဦးစီးမှူးမှ စားသုံးသူအသိပညာပေး Talk Show ပြုလုပ်ရခြင်း၏ ရည်ရွယ်ချက်အားရှင်းလင်းပြောကြားပြီး စားသုံးသူ ရေးရာဦးစီးမှုးရုံး၊ မြို့နယ်တာဝန်ခံမှဌာန၏ မျှော်မှန်းချက်၊ ရည်မှန်းချက်များရှေ့ဆက်လုပ်ဆောင်ရမည့် လုပ်ငန်းတာဝန်များအား ဦးစွာရှင်းလင်းပြောကြားခဲ့ပါသည်။ ပြီးနောက်မြို့နယ်တာဝန်ခံမှ ကမ္ဘာကြီးပြောင်းလဲလာသည် နှင့်အမျှ လူသားတို့၏ စားသောက်ကုန်များသည်လည်း ပုံစံအမျိုးမျိုးနှင့် ထုတ်လုပ်လာကြကြောင်း၊ ထိုစားသောက်ကုန်များသည်လည်း ကောင်းမွန်မူရှိခြင်း၊ လူသားတို့အတွက် ဘေးအန္တရာယ်ကင်းရှင်းစေသော စားသောက်ကုန်များ  ဖြစ်ရန်လိုကြောင်း ၊ သန့်ရှင်းမှုရှိရန်လိုကြောင်း၊ သို့မှသာ ပြည်သူပြည်သူလူထုတစ်ရပ်လုံး အစားအသောက်မှဖြစ်ပေါ်လာသော အန္တရာယ်များကို အပြည့်အဝကာကွယ်နိုင်မည်ဖြစ်ကြောင်း ပြောကြားပြီး နှစ်စဉ်လစဉ်ဆောင်ရွက်လျက်ရှိသော စာသုံးရေးရာ အခွင်အရေး(၈)ချက်အား ပြည်သူများအားအကျယ်တဝံ့ ပြောကြားဆွေးနွေးခဲ့ပါသည်။ဥပဒေပါ အချက်အလက်များသိရှိလိုပါက စားသုံးသူရေးရာဦးစီးဌာန ခရိုင်ဦးစီးမှုးရုံးတွင်လည်းကောင်း ၊စားသုံးသူရေးရာဦးစီးဌာနရုံးချုပ်၏  WWW.doca.gov.mm Website တွင်လည်းဝင်ရောက်ကြည့်ရှုနိုင်ပါကြောင်း အသိပညာပေးဟောပြော ဆွေးနွေးခဲ့ကြောင်းသိရှိရပါသည်။

 DOCA (ဧရာဝတီ)