ဧရာဝတီတိုင်းဒေသကြီးများ ဝန်ထမ်းများ စုပေါင်း၍ စားသုံးသူရေးရာဦးစီးဌာန နေပြည်တော်သို့ ငလျင်ဘေးသင့် ဝန်ထမ်းများအတွက် လိုအပ်သော စာသောက်ဖွယ်ရာများ သွားရောက်လှူဒါန်း

Powered by Drupal

  ၈-၄-၂၀၂၅နေ့တွင် ဧရာဝတီတိုင်းဒေသကြီးဝန်ထမ်းမိသားစုများကိုယ်စား မအူပင်ခရိုင်ဦးစီးမှူးရုံးမှ တာဝန်ရှိသူများက စားသောက်ကုန်ပစ္စည်းများ အား ရုံချုပ်သို သွားရောက်၍ လှူဒါန်းပေးအပ်ခဲ့သည်။

  ဧရာဝတီတိုင်းဦးစီးမှူး ဦးဝင်းထွန်’မိသားစုမှ ဦးဆောင်မတည်အလှူငွေဖြင့် ကျန်ရှိသော ဧရာဝတီတိုင်းအတွင်း ခရိုင်/မြို့နယ် ဝန်ထမ်းအသီးသီးက စူပေါင်း၍ ငလျင်ဘေးသင့် နေပြည်တော် ဝန်ထမ်းမိသားစုများကို စားသောက်ဖွယ်ရာ ငါးခြောက်ပိဿာ ၃၇၅ပိဿာ ၊ ဆန် ၃၆၀အိတ်၊ မျှင်ငပိ ၃၆၀ပိဿာ နှင့်အခြားသော ပစ္စည်းများ၊ မအူပင်ခရိုင်ဝန်ထမ်းများနှင့် နေပြည်တော်ရုံးချုပ် စီမံရေးရာဌာနသို့ ပေးအပ်လှူဒါန်းခဲ့ပြီး၊ ဖျာပုံခရိုင်ဝန်ထမ်းများကပါ ကုန်စည်ထုတ်ပိုးပို့ဆောင်နိုင်ရေး လုပ်အားဒါနပြုလုပ် ဆောင်ရွက်ခဲ့ကြောင်း သိရသည်။

DOCA(ဧရာဝတီ)