
ဖျာပုံခရိုင်အတွင်းရှိ မြို့နယ်များဖြစ်သော ကျိုက်လတ်၊ ဒေးဒရဲမြို့နယ်များမှ ထွက်ရှိသော ပေါ်ဆန်း၊ ဧည့်မထဆန်များအား တနင်္သာရီတိုင်းဒေသကြီး၊ မြိတ်ခရိုင်အတွင်းရှိ ဒေသခံပြည်သူ များ ဈေးနှုန်းသက်သာစွာ ဝယ်ယူစားသုံးနိုင်ရန် (မြိတ်မြို့)သို့ ရေလမ်းဖြင့် တင်ပို့လျက်ရှိပါသည်။ ဖျာပုံခရိုင် ဒေးဒရဲမြို့နယ်မှ မြိတ်မြို့သို့ ဧပြီလ(၁)ရက်နေ့မှ (၁၀)ရက်နေ့ထိ ပြည့်ဖြိုးအောင်(၉) ရေယာဉ်ဖြင့် ဧည့်မထဆန်(၃၀၀၀)အိတ်တင်ပို့ခဲ့ပြီး၊ ထိုသို့တင်ပို့ရာတွင် မြန်မာနိုင်ငံ ဆန်စပါး အသင်းချုပ် (MRF) ၏ရည်ညွှန်းသတ်မှတ်ဈေးများဖြင့် ရောင်းဝယ်လျက်ရှိကြောင်း၊ ဈေးကွက် သတင်းများအရ သိရှိရပါသည်။
DOCA(ဧရာဝတီ)