ပန်းတနော်မြို့နယ် အိမ်ဆောက်ပစ္စည်းအရောင်းဆိုင်ရှင်များနှင့်တွေ့ဆုံ၍ ဈေးကွက်ဖြန့်ချီမှု အခြေအနေများ တွေ့ဆုံဆွေးနွေး

Powered by Drupal

    ပန်းတနော်မြို့နယ်ဦးစီးမှူးရုံး၊ စားသုံးသူရေးရာဦးစီးဌာနမှ တာဝန်ရှိသူများသည် ပန်းတနော်မြို့နယ် အိမ်ဆောက်ပစ္စည်း အမျိုးမျိုး ရောင်းဝယ်နေသော လုပ်ငန်းရှင် ၅ဦးနှင့် မြို့နယ်ဦးစီးမှူးရုံးတွင် ၁၀-၄-၂၀၂၅ ရက်နေ့ နေ့လည် (၁၄၀၀)နာရီတွင် ဖိတ်ကြား၍ ဈေးကွက်အတွင်း ဘိလပ်မြေရောင်း ဝယ်နေမှု ကိစ္စရပ်များအကြောင်း ကို တွေ့ဆုံဆွေးနွေးခဲ့ကြောင်း သိရသည်။

    တွေ့ဆုံဆွေးနွေးရာတွင် ပန်းတနော် ဘိလပ်မြေအရောင်းဆိုင်ရှင် ၅ဦးတက်ရောက်ကြပြီး ပန်းတနော်မြို့နယ် တာဝန်ခံ ဦးအော,င်ကျော် သက်က လုပ်ငန်းရှင်များကို ယနေ့ ကျရောက်ခဲ့သော သဘာဝဘေးအန္တရာယ် အခြေအနေများကြောင့် လုပ်ငန်း၇ှင်များက အိမ်ဆောင်ပစ္စည်း များနှင့်ပတ်သက်၍ ဈေးမြှင့် တင်ရောင်းချမှု မရှိစေရေး၊ သိုလှောင်ခြင်းများ မပြုလုပ်ရန် ၊ စစ်ဆေးရေးအဖွဲ့မှ စစ်ဆေးပါက သတ်မှတ်ချက်နှင့်အညီ ရောင်းချ မှု မရှိကြောင်း စစ်ဆေးတွေ့ရှိပါက သက်တိုင်ရာဌာနတို့၏ ဥပဒေအသီးသီးဖြင့် အရေးယူခံရမည်ဖြစ်သောကြောင့် လိုက်နာဆောင်ရွက်ရန်ကိုလည်းကြောင်း၊ လုပ်ငန်းရှင် စားသုံးသူကာကွယ်ရေးဥပဒေပါ စားသုံးသူများ၏ အခွင့်အရေး၊ စီးပွားရေးလုပ်ငန်းရှင်များ၏တာဝန်များ၊ ကုန်အညွှန်း အမှတ်အသားဖော်ပြခြင်းများကို ဆွေးနွေးပြောကြားခဲ့ကြောင်း သိရသည်။

DOCA(ဧရာဝတီ)