
ကုန်ဈေးနှုန်းကောက်ယူမှုလုပ်ငန်းဆောင်ရွက်နိုင်ရေး လုပ်ငန်းညှိနှိုင်းအစည်းအဝေး လမ်းညွှန်ချက်များကို အကောင်အထည်ဖော်ဆောင်ရွက်နိုင်ရေးအတွက် စားသုံသူရေးရာဦးစီးဌာန၊ ရန်ကုန် တိုင်းဒေသကြီးဦးစီးမှူးရုံးမှ လက်ထောက်ညွှန်ကြားရေးမှူး ဒေါ်ထူးမြတ်အိ၊ ဦးစီးအရာရှိ ဒေါ်ခင်သီ၊ ရန်ကုန်တိုင်းဒေသကြီး၊ အရှေ့ပိုင်းခရိုင်ဦးစီးမှူးရုံးမှဒေါ်ခင်မာဌေး(ဦးစီးမှူး) ၊ ဒေါ်လဲ့လဲ့ဌေး(ဒု-ဦးစီးမှူး)၊ ဒေါ်ယုယုလွင်(ငယ်/ရေး)၊ ဗဟိုစာရင်းအင်းအဖွဲ့ ရန်ကုန်တိုင်း ဒေသကြီးဦးစီးမှူး ဒေါ်ချိုချိုလွင် နှင့် ဝန်ထမ်း(၃)ဦး တို့သည် ပုဇွန်တောင်မြို့နယ်၊ ပုဇွန်တောင် ဈေးတာဝန်ခံ ဦးစိုးနိုင်နှင့် တာဝန်ရှိသူ များ ပူးပေါင်းပြီး ၁၅.၅.၂၀၂၅ ရက်နေ့၊ နံနက် (၀၉:၃၀) အချိန်တွင် ရန်ကုန်မြို့တော်စည်ပင်သာယာရေး ကော်မတီလက်အောက်ရှိ အထက်ဌာနများသို့ တင်ပြလျက်ရှိသည့် ပုဇွန်တောင်ဈေးအတွင်းရှိ ဟင်းသီးဟင်းရွက်များ၏ ဈေးနှုန်းများဈေးကွက်အတွင်း ဝင်ရောက်မှုအခြေအနေတို့ကို ကွင်းဆင်း စိစစ်ဆောင်ရွက်ခဲ့ကြောင်း သိရှိရပါသည်။
ထိုသို့ ကွင်းဆင်းစစ်ဆေးခဲ့သည့် ဟင်းသီးဟင်းရွက်များမှာ ကန်စွန်းရွက်၊ ချဉ်ပေါင်ရွက် ၊ ဂေါ်ဖီထုပ်၊ ခရမ်းချဉ်သီး၊ ခရမ်းသီး ၊ဘူးသီး၊ ရှောက်သီး ၊ရွှေဖရုံသီး၊ မုန်လာဥ တို့ဖြစ်ကြောင်း သိ ရှိရပါသည်။
DOCA (ရန်ကုန်)