တာမွေမြို့နယ်၊ အထွေထွေအုပ်ချုပ်ရေးဦးစီးဌာန၌ စာသုံးသူကာကွယ်ရေးဥပဒေ အကြောင်း အသိပညာပေးဆွေးနွေးပွဲ ဆောင်ရွက်ခဲ့

Powered by Drupal

   ၁၄.၅.၂၀၂၅ ရက်နေ့ နံနက် (၁၀:၀၀) နာရီအချိန်တွင် စားသုံးသူရေးရာဦးစီးဌာန၊ အရှေ့ ပိုင်းခရိုင်ဦးစီးမှူးဦးလှစိုးနှင့်တာဝန်ရှိ ဝန်ထမ်းများသည် တာမွေမြို့နယ်၊ အထွေထွေအုပ်ချုပ်‌ရေး ဦးစီးဌာနရှိ ဝန်ထမ်းများအား စားသုံးသူကာကွယ်ရေးဥပဒေအကြောင်း အသိပညာပေးဟော ပြောပွဲ ဆောင်ရွက်ခဲ့ကြောင်း သတင်းရရှိပါသည်။

   အဆိုပါဟောပြောပွဲတွင် ခရိုင်ဦးစီးမှူးက ပထမဦးစွာ စားသုံးသူကာကွယ်ရေးဥပဒေ ပေါ်ပေါက်လာပုံ၊ မြန်မာနိုင်ငံတွင် စားသုံးသူကာကွယ်ရေးဥပဒေကို ၂၀၁၉ ခုနှစ်၊ မတ်လ ၁၅ ရက်တွင် ပြည်ထောင်စုလွှတ်တော်ဥပဒေအမှတ် ၉  ဖြင့် ပြဋ္ဌန်းခဲ့ပါကြောင်း၊ ဥပဒေတွင် အခန်း(၂၅)ခန်းနှင့်ပုဒ်မ(၈၃)ခု ပါရှိကြောင်း၊ စားသုံးသူကာကွယ်ရေးဥပဒေအရ အသိပညာ ပေးခြင်းလုပ်ငန်းများနှင့် ဈေးကွက်စောင့်ကြည့်စစ်ဆေးခြင်းလုပ်ငန်းများကို ဦးစားပေးဆောင် ရွက်လျက်ရှိကြောင်း၊ စားသုံးသူပြည်သူများ ကုန်စည်နှင့်ဝန်ဆောင်မှုများ ဝယ်ယူသုံးစွဲမှုနှင့် ပတ်သက်၍ နစ်နာမှုများရှိပါက တိုင်ကြားနိုင်ကြောင်းနှင့် တိုင်ကြားမှုများကိုလည်း ညှိနှိုင်း ဖြေရှင်းဆောင်ရွက်ပေးပါကြောင်း၊ ဥပဒေပါ ရည်ရွယ်ချက်၊ ကော်မရှင်/ကော်မတီဖွဲ့စည်းခြင်း၊ စစ်ဆေးရေးအရာရှိလုပ်ငန်းတာဝန်များ၊ စားသုံးသူ၏အခွင့်အရေးနှင့်တာဝန်များ၊ စီးပွားရေး လုပ်ငန်းရှင်၏တာဝန်များ၊ ကုန်အညွှန်းအမှတ်အသားဖော်ပြချက်များ၊ ပြစ်မှုနှင့်ပြစ်ဒဏ်များ တို့ကို အကျယ်တဝင့် ဆွေးနွေးပေးခဲ့ရာ ဆွေးနွေးပွဲတက်ရောက်သူ(၁၂)ဦး တက်‌ရောက်ခဲ့ ကြောင်း သတင်းရရှိပါသည်။

DOCA (ရန်ကုန်)