မအူပင်မြို့နယ်ရှိ အသေးစား ၊ အလတ်စား ထုတ်ကုန်လုပ်ငန်း လင်းလင်း မျက်နှာသစ် လုပ်ငန်းအား ကွင်းဆင်းစစ်ဆေး

Powered by Drupal

     အသေးစား၊ အလတ်စား၊ လက်မှု လုပ်ငန်း ဖွံ့ဖြိုးတိုးတက်စေရေး စားသုံးသူရေးရာဦးစီးဌာနမှ စစ်ဆေးရေးမှူးနှင့်ဝန်ထမ်းများသည် အသေးစားစက်မှုလက်မှုလုပ်ငန်းဦးစီးဌာနမှဝန်ထမ်းများနှင့် ပူးပေါင်း၍ (၁၄-၅-၂၀၂၅)ရက်နေ့၊ နေ့လယ်(၁၃ꓽ၀၀)အချိန်တွင် မအူပင်မြို့ ၃လမ်း ရှိ လင်းလင်း အမှတ်တံဆိပ် ဝက်ခြံ၊ တင်းတိတ် ပျောက်ခရင်နှင့် မျက်နှာသစ် ထုတ်လုပ်သောလုပ်ငန်း အား ထုတ်ကုန်များ လုံခြုံစိတ်ချရမှုရှိစေရန်အတွက် ကွင်းဆင်းစစ် ဆေးခြင်းများဆောင်ရွက်ခဲ့ပါ သည်။

     ထိုသို့စစ်ဆေးရာတွင် လင်းလင်း အမှတ်တံဆိပ် ထုတ်ကုန်များသည် စားသုံးသူကာကွယ် ရေး ဥပဒေအခန်း(၁၈) ပါ“ကုန်အညွှန်အမှတ်အသားဖော်ပြခြင်း”နှင့်ပတ်သက်၍ ပြည့်စုံစွာဖော်ပြထားပြီး ထုတ်ကုန်များကို သန့်ရှင်းသပ်ရပ်စွာ ပါကင် ဗူးဒီဇိုင်း၊ စတစ်ကာအသစ်တို့ဖြင့် ထုတ်လုပ်ရောင်းချသည်ကို စစ်ဆေးတွေ့ရှိရပါသည်။

    ထိုနောက်စစ်ဆေးရေးမှူးနှင့် ဌာနဆိုင်ရာဝန်ထမ်းများသည် လုပ်ငန်းရှင်အားစားသုံးသူများ ဘေးအန္တရာယ်ကင်း ရှင်းစေရေးကိုအလေးထားဆောင်ရွက်ရန်၊ သက်ဆိုင်ရာဌာနများ၏လုပ်ငန်း လိုင်စင်နှင့်ထောက်ခံချက်များပြုလုပ်ရန်၊ စားသုံးသူကာကွယ်ရေးဥပဒေအခန်း(၁၀)ပါ “စီးပွားရေး လုပ်ငန်းရှင်၏တာဝန်များ” ကို လိုက်နာဆောင်ရွက်ရန် ဆွေးနွေး လမ်းညွှန်ခဲ့ကြောင်း သိရှိရပါသည်။

DOCA(ဧရာဝတီ)