ကော့သောင်းမြို့ မှ ရန်ကုန်မြို့သို့ ရောက်ရှိလာသည့် ရာဇာမင်း သင်္ဘောအား အဖွဲ့စုံဖြင့်စစ်ဆေးခြင်း

Powered by Drupal

    (၁၄-၅-၂၀၂၅) ရက်နေ့တွင် ကော့သောင်းမြို့နယ်မှ ရန်ကုန်မြို့၊ ရွှေမဲဆိပ်ကမ်းသို့ ရောက်ရှိလာသော MV ရာဇာမင်း သင်္ဘောအား အဖွဲ့စုံဖြင့် စစ်ဆေးခဲ့ကြောင်း သိရှိရပါသည်။

    အဆိုပါ စစ်ဆေးမှုများကို အကောက်ခွန်ဦးစီးဌာနမှ ဦးစီးအရာရှိဦးချမ်းမြေ့အောင်၊  အရှေ့ ပိုင်းခရိုင်စားသုံးသူရေးရာဦးစီးဌာနမှ ခရိုင်မှူးဦးလှစိုး၊ မူးယစ်ရဲတပ်ဖွဲ့မှဒုရဲအုပ်ကျော်ဇင်မင်း၊ အမှတ်(၃) ရေကြောင်းရဲကွပ်ကဲမှုအဖွဲ့ခွဲ့မှ ရဲမှူး အောင်ကျော်ထူး ၊ မြန်မာ့ဆိပ်ကမ်းအာဏာပိုင်မှ လက်ထောက် မန်နေဂျာ အင်းစိန်မြို့နယ်ရဲတပ်ဖွဲ့မှူးရဲမှူးသန့်ဇင်၊ စသည့်ပူးပေါင်းအဖွဲ့များမှ စစ်ဆေးခဲ့ကြရာ ကုန်ပစ္စည်းမျိုးစုံကို သက်ဆိုင်ရာဌာနများ၏ ထောက်ခံချက်များဖြင့် တင်သွင်း လာခြင်းဖြစ်ကြောင်း၊ အထောက်အထားမပြနိုင်သော ကုန်စည်များကိုတွေ့ရှိပါက ပင်လယ်ရေ ကြောင်းအကောက်ခွန်အက်ဥပဒေတို့အရ အရေးယူဆောင်ရွက်မှာဖြစ်ကြောင်းနှင့် နိုင်ငံတော်မှ တားဆီးပိတ်ပင်ထားသော ကုန်စည်များကို စစ်ဆေးတွေ့ရှိပါက စားသုံးသူရေးရာဦးစီးဌာန၏ အရေးကြီးကုန်စည်နှင့်ဝန် ဆောင်မှုဥပဒေအရ အရေးယူခံရမှာဖြစ်ကြောင်း အသိပေးပြောကြား ခဲ့ကြောင်း သိရှိရပါသည်။

DOCA (ရန်ကုန်)