၂၀၂၅ ခုနှစ်၏ ပထမ ၃ လပတ်ကာလတွင် အသားတင်သွင်းမှု ၂၆ ရာခိုင်နှုန်း မြင့်တက်ခဲ့သည့် ဖိလစ်ပိုင်

Powered by Drupal

       ၂၀၂၅ ခုနှစ်၏ ပထမ ၃ လပတ်ကာလတွင် ဖိလစ်ပိုင်သည် အသား ၃၄၄၅၉၄ မက်ထရစ် တန်တင်သွင်းခဲ့ပြီး ၂၀၂၄ ခုနှစ်တူညီသည့်ကာလထက် ၂၆ ရာခိုင်နှုန်းနီးပါးမြင့်တက်ခဲ့ကြောင်း တိရိစ္ဆာန်လုပ်ငန်းဗျူရို(BAI) ၏ ထုတ်ပြန်ချက်အရ သိရပါသည်။ ထို ၃ လတာကာလအတွင် ဝက်သားသည် တန်ချိန် ၁၈၃၁၈၈ တန်ဖြင့် အများဆုံးတင်သွင်းသည့်အသားဖြစ်ကြောင်း ၂၀၂၄ ခုနှစ် တူညီသည့်ကာလထက် ၄၂.၅၅ ရာခိုင်နှုန်းမြင့်တက်ခဲ့ကြောင်း သိရပါသည်။ ကုန်သည်များနှင့် သွင်းကုန်လုပ်ငန်းရှင်များက ပြည်တွင်းဝက်သားထုတ်လုပ်မှုမှာ မလုံလောက်သောကြောင့် နိုင်ငံ ၏ဝက်သားဝယ်လိုအားကို ဖြည့်စည်းရန် ပြည်ပနိုင်ငံများကို ဆက်လက်မီခိုနေရကြောင်း ပြောကြားခဲ့ပါသည်။ BAI အချက်အလက်များအရ ကြက်သား တင်သွင်းမှုမှာ ၁၁၁၃၆၁ မက်ထရစ်တန်ရှိပြီး ၁၅ ရာခိုင်နှုန်းမြင့်တက်ခဲ့ကြောင်း သိရပါသည်။ တစ်ချိန်တည်းမှာပင် အမဲသားတင်သွင်းမှုမှာ တန်ချိန် ၄၃၈၈၁ တန်နှင့် သိုးသားတင်သွင်းမှုမှာ တန်ချိန် ၁၅၄ မက်ထရစ်တန်တို့ဖြင့် ၂၄.၂၄ ရာခိုင်နှုန်းနှင့် ၂၆ ရာခိုင်နှုန်းအသီးသီးမြင့်တက်ခဲ့ ကြောင်း သိရပါသည်။ သို့သော် ကျွဲသားတင်သွင်းမှုမှာတန်ချိန် ၅၉၃၅ မက်ထရစ်တန်၊ ဘဲသား တင်သွင်းမှုမှာ တန်ချိန် ၁၈ မက်ထရစ်တန်နှင့် ကြက်ဆင်သားတင်သွင်းမှုမှာ တန်ချိန် ၅၄ မက်ထရစ်တန်ဖြင့် ၅၀ ရာခိုင်နှုန်း၊ ၄၄.၄၄ ရာခိုင်နှုန်းနှင့် ၈၂ ရာခိုင်နှုန်း အသီးသီးကျဆင်းခဲ့ ကြောင်း သိရပါသည်။ ယခုနှစ်၏ ပထမ ၃ လတာကာလတွင် ဘရာဇီးသည် တန်ချိန် ၁၅၀၀၀၀ မက်ထရစ်တန်ဖြင့် နိုင်ငံ၏ထိပ်တန်းအသားတင်ပို့သူဖြစ်ကြောင်း သိရပါသည်။

The Philippine Star

DOCA (ရန်ကုန်)