
The Top Thai Brands 2025 ကုန်စည်ပြပွဲကို ဗီယက်နမ်နိုင်ငံ ဟိုချီမင်းမြို့တော်တွင် မေလ ၁၄ ရက်နေ့ကစတင်ကျင်းပခဲ့ကြောင်း သိရပါသည်။ ထိုင်းစီးပွားကူးသန်းဝန်ကြီးဌာန၏ နိုင်ငံတကာကုန်သွယ်မှုမြှင့်တင်ရေးဦးစီးဌာနနှင့် ပြည်တွင်းမိတ်ဖက်များ ကြီးမှူးကျင်းပသည့် ယခုနှစ်ပြပွဲသည် ဗီယက်နမ်ဈေးကွက်တွင် ဝယ်လိုအားကြီးထွားလာမှုကို တုံ့ပြန်ရန် ထိုင်းနှင့် ဗီယက်နမ်စီးပွားရေးလုပ်ငန်းများအကြား ချိတ်ဆက်မှုအားကောင်းရန် ရည်ရွယ်ကြောင်း သိရပါသည်။ ထိုင်းပို့ကုန်လုပ်ငန်းရှင်များနှင့် ဗီယက်နမ်သွင်းကုန်လုပ်ငန်းရှင်များပါဝင်သည့် ပြသသူ ၁၇၅ ခုသည် ပြခန်းပေါင်း ၂၁၀ ခုတွင် ကျယ်ပြန့်သောအရည်အသွေးမြင့် ထိုင်းထုတ်ကုန်များနှင့် ဝန်ဆောင်မှုများကို ပြသခဲ့ကြောင်း သိရပါသည်။ ကျင်းပမည့် ၄ ရက်အတွင်း လာရောက်လေ့လာ သူ ၆၀၀၀၀ ခန့်ရှိမည်ဟု မျှော်မှန်းရကြောင်း သိရပါသည်။ ပြပွဲတွင် အစားအစာနှင့် အဖျော်ယမကာ၊ အလှအပနှင့် ကျန်းမာရေး၊ အိမ်သုံးပစ္စည်းများ၊ ဖက်ရှင်၊ ကားနှင့် မော်တော် ဆိုင်ကယ်အစိတ်အပိုင်းများနှင့် ခရီးသွာကဏ္ဍတို့ပါဝင်ကြောင်း သိရပါသည်။ ထိုင်းကုန်သွယ်ရေး အတိုင်ပင်ခံပုဂ္ဂိုလ်ဖြစ်သူ Usasri Kheorayab ၏အဆိုအရ ထိုင်းနှင့် ဗီယက်နမ်တို့သည် ကုန်သွယ်ရေးနှင့် ရင်းနှီးမြှုပ်နှံမှုတို့တွင် ကာလကြာရှည် ခင်မင်ရင်းနှီးမှုကို ထိန်းသိမ်းထားကြောင်း ပြောကြားခဲ့ပါသည်။ ဗီယက်နမ်တွင် ထိုင်းကုန်စည်ပြပွဲများ ပုံမှန်ကျင်းပခြင်းသည် အပြန်အလှန်ကုန်သွယ်ရေးတိုးချဲ့ရန် ထိုင်း၏ ကတိကဝတ်ကို သက်သေပြသနေကြောင်း သိရပါသည်။ ဗီယက်နမ်စက်မှုနှင့် ကုန်သွယ်ရေးဝန်ကြီးရုံး၏ ဒုတိယအကြီးအကဲဖြစ်သူ Nguyen Van Nga က နှစ်နိုင်ငံစလုံးသည် အာဆီယံ၏ အဓိကစီးပွားရေးအင်အားများဖြစ်ကြောင်း ပြောကြားခဲ့ပါသည်။ ထိုင်းသည် လတ်တလောတွင် အာဆီယံ၌ ဗီယက်နမ်၏ အကြီးမားဆုံးကုန်သွယ်ရေး မိတ်ဖက်ဖြစ်ကြောင်း သိရပါသည်။
Vietnam Plus
DOCA (ရန်ကုန်)