
၁၅.၅.၂၀၂၅ ရက်နေ့၊ ၁၅:၀၀ အချိန်၊ ကျောက်တံတားခရိုင်၊ လမ်းမတော်မြို့နယ်၊ မော်တင်ယာယီဈေးရပ်ကွက်၊ ကမ်းနားဥပစာလမ်း၊ ကိုင်းတန်းအမှတ်(၁)၊ ကိုင်းတန်း အမှတ်(၂)ရှိ ဆန်သင်္ဘောများနှင့် ယမုံနာလမ်း၊ လမ်းသစ်လမ်းတိုနှင့် ဝါးတန်းလမ်းတိုတို့ရှိ ဆန်ဂိုဒေါင်များအား လမ်းမတော် မြို့နယ်စီမံအုပ်ချုပ်ရေးအဖွဲ့ ဥက္ကဋ္ဌ ဦးကောင်းမြတ်ကျော်၊ ရန်ကုန်အရှေ့ပိုင်းခရိုင်စားသုံးသူရေးရာဦးစီးဌာနမှ အငယ်တန်းစာရေး ဦးရန်နိုင်ထွန်း၊ လမ်းမတော်မြို့နယ်စည်ပင်သာယာမှ လက်ထောက်အုပ်ချုပ်ရေးမှုး ဦးအောင်ဆွေ၊ လမ်းမတော်မြို့မရဲစခန်းမှ ဒုရဲအုပ် ကျော်သက်ထွန်း ဦးစီးမှူး၊ မြန်မာ့ ဆိပ်ကမ်းအာဏာပိုင်၊ ကုန်လုပ်ငန်းဌာန၊ မြေနှင့်ဆိပ်ကမ်း(အလယ်ပိုင်း)ဌာနစုမှ မန်နေဂျာ ဦးထွန်း လင်း ဦးစီးမှူး၊ ရပ်ကွက်အုပ်ချုပ်ရေးမှူး ဦးမြင့်စောနှင့် ရပ်ကွက်စာရေး ဦးထွန်းလင်း တို့ပါဝင်သော ပူးပေါင်းအဖွဲ့ဖြင့် ဈေးကွက်အတွင်း ဆန်ပြတ်လပ်ခြင်း၊ ဆန်ဈေးမတည်ငြိမ်မှုမရှိစေရေးအတွက် ကွင်းဆင်းစစ်ဆေးဆောင်ရွက်ခဲ့ပြီး ၁၆:၃၀ အချိန်တွင်ပြီးစီးခဲ့ကြောင်း သိရှိရပါသည်။
DOCA (ရန်ကုန်)