ဧရာဝတီတိုင်းဒေသကြီးတွင် မဟာသင်္ကြန်ပွဲတော်အား ရိုးရာယဉ်ကျေးမှု အစဉ်အလာမပျက် ကျင်းပခဲ့ပြီး ပြည်သူများကိုစတုဒိသာများဖြင့်ကျွေးမွေးလှူဒါန်း

Powered by Drupal

  ဧရာဝတီတိုင်းဒေသကြီး၌ ၁၃၈၆ ခုနှစ်၊ မြန်မာ့ရိုးရာယဉ်ကျေးမှုမဟာသင်္ကြန်ပွဲတော်အား ပုသိမ်မြို့၊ ကမ်းနားလမ်း ရှုခင်းသာရင်ပြင်တွင် ရိုးရာယဉ်ကျေးမှု အစဉ်အလာမပျက် ကျင်းပခဲ့ရာ  တိုင်းဒေသကြီး ဝန်ကြီးချုပ်ဦးတင်မောင်ဝင်းနှင့်ဇနီးသည် တိုင်းဒေသကြီးအစိုးရအဖွဲ့ဝင်များနှင့် ၎င်းတို့၏ဇနီးများနှင့်အတူတက်ရောက်၍ တိုင်း၊ ခရိုင်၊ မြို့နယ်အဆင့်ဌာနဆိုင်ရာများ၊ ပြည်သူ များအား ချစ်ကြည်ရင်းနှီးစွာဖြင့် အမွှေးနံသာ အတာရေများပက်ဖျန်းပေးခဲ့ကြသည်။

   ရှေးဦးစွာ တိုင်းဒေသကြီးဝန်ကြီးချုပ်ဦးတင်မောင်ဝင်းနှင့်ဇနီး၊  တိုင်းဒေသကြီးအစိုးရ အဖွဲ့ဝင်များနှင့် ၎င်းတို့၏ဇနီးများသည် မြန်မာ့ရိုးရာယဉ်ကျေးမှုမဟာသင်္ကြန်ပွဲတော်ကို ရိုးရာ ယဉ်ကျေးမှုအစဉ်အလာမပျက် အမွှေးနံ့သာ အတာရေများပက်ဖျန်းခဲ့ကြကာ ဌာနဆိုင်ရာများ၊ ပြည်သူများနှင့်အတူ ပါဝင်ဆင်နွှဲ၍ အေးချမ်းစွာ ရေကစားခဲ့ကြပြီး စတုဒိသာမဏ္ဍပ်တွင် ကြာဇံကြော်၊ အအေး  စတုဒိသာကျွေးမွေးနေမှုများကို ကြည့်ရှုအားပေးခဲ့ကြသည်။

   ၁၃၈၆ ခုနှစ်၊ မြန်မာ့ရိုးရာယဉ်ကျေးမှုမဟာသင်္ကြန်ပွဲတော်ကာလအတွင်း  ပြည်သူများ ပါဝင်ဆင်နွှဲခဲ့ကြပြီး စတုဒိသာများ ကျွေးမွေးလှူဒါန်းခြင်း၊ ရိုးရာယဉ်ကျေးမှု အစဉ်အလာမပျက် ရေပက်ကစားခြင်းတို့ကို  အေးချမ်းစွာကျင်းပခဲ့ကြသည်။ ဧရာဝတီတိုင်းဒေသကြီးအတွင်းရှိ ခရိုင်၊ မြို့နယ်များနှင့် ရပ်ကွက်ကျေးရွာများရှိ ဘုရားစေတီပုထိုးများ၊ ဘုန်းတော်ကြီးကျောင်းများတွင် ဆရာတော်သံဃာတော်အရှင်သူမြတ်များ၊ ဝတ်ရွတ်အဖွဲ့များက ၂၀၂၅ ခုနှစ် ဧပြီလ ၈ ရက်နေ့မှ ၁၆ ရက်နေ့အထိ ၉ ရက်တိုင်တိုင် ညစဉ် ပရိတ်တရားတော်များရွတ်ဖတ်ပူဇော်ခြင်းများကို ဆောင်ရွက် ခဲ့ကြောင်းသိရပါသည်။

DOCA(ဧရာဝတီ)