အွန်လိုင်းစနစ်ဖြင့် မှတ်ပုံတင်လျှောက်ထားသည့်လုပ်ငန်းအား မြေပြင်စစ်ဆေးခြင်း

Powered by Drupal

   (၁၆.၅.၂၀၂၅) ရက်နေ့ နံနက်(၁၀:၁၅)အချိန်တွင် စားသုံးသူရေးရာဉီးစီးဌာန၊ မြောက်ပိုင်းခရိုင် ဉီးစီးမှူးရုံးမှ စစ်ဆေးရေးမှူးများသည် မင်္ဂလာဒုံမြို့နယ်ရှိ NIHONSEI Japanese Tools & Machines အမည်ဖြင့် Online လုပ်ငန်းသို့ မှတ်ပုံတင်လျှောက်ထားရာတွင် ဖော်ပြထားသော အချက်များနှင့် မြေပြင်အချက်အလက်များ ကိုက်ညီမှုရှိ/မရှိ ကွင်းဆင်းစစ်ဆေးခြင်းများ ဆောင်ရွက်ခဲ့ပါသည်။

    ထိုသို့ ကွင်းဆင်းစစ်ဆေးရာတွင် အမှတ်(၁၃၆/၁၄၇)၊ ခိုင်သဇင်လမ်း၊ ပေါင်းကူး၊ ဉာဏ ရပ်ကွက်၊ ရွှေနံ့သာကျေးရွာအုပ်စု၊ မင်္ဂလာဒုံမြို့နယ်ရှိ အွန်လိုင်းစနစ်ဖြင့် ရောင်းချမည့်စီးပွားရေးနှင့် ဆောက်လုပ်ရေး လုပ်ငန်းသုံးပစ္စည်းများ၊ စိုက်ပျိုးရေးလုပ်ငန်းသုံးပစ္စည်းများ ရောင်းချမှုအား ဒေါ်နီလာဝင်း၊ ဉီးစီးမှူးမှ အွန်လိုင်းမှတ်ပုံတင်လျှောက်လွှာပုံစံတွင် ဖြည့်သွင်းထားသည့် လိပ်စာ အတိုင်း လုပ်ငန်းအမှန်တစ်ကယ်တည်ရှိခြင်းရှိ/မရှိနှင့် အခြားလိုအပ်သည့်အချက်အလက်များ ပြည့်စုံ မှန်ကန်မှုရှိ/မရှိအား DOCA Application အသုံးပြု၍ စစ်ဆေးခဲ့ပြီး စားသုံးသူကာကွယ်ရေးဥပဒေပါ စီးပွားရေးလုပ်ငန်းရှင်များ လိုက်နာဆောင်ရွက်ရမည့်တာဝန်များအကြောင်း ရှင်းလင်းဆွေးနွေးခဲ့ ကြောင်း သိရှိရပါသည်။

DOCA (ရန်ကုန်)