ကင်ညာနိုင်ငံသည် ၂၀၃၀ ခုနှစ်တွင် တရုတ်နိုင်ငံသို့ လက်ဖက် ကီလိုဂရမ် သန်း ၅၀ အထိ တိုးမြင့်တင်ပို့နိုင်ရန် ရည်ရွယ်ထား

Powered by Drupal

     ကင်ညာနိုင်ငံသည် လာမည့် ၆ နှစ်အတွင်း တရုတ်နိုင်ငံသို့ လက်ဖက်တင်ပို့မှုအား လေးဆ ကျော်တိုးလာစေရန် ပစ်မှတ်ထားကြောင်း အစိုးရအရာရှိတစ်ဦးက မေလ ၁၂ ရက်နေ့တွင် ပြော ကြားခဲ့သည်။ စိုက်ပျိုးရေးနှင့် မွေးမြူရေးဖွံ့ဖြိုးတိုးတက်ရေး အစိုးရအဖွဲ့အတွင်းရေးမှူး Mutahi Kagwe က ရည်မှန်းချက်မှာ တရုတ်နိုင်ငံသို့ ကင်ညာ၏ လက်ဖက်ခြောက်တင်ပို့မှုကို ၂၀၂၄ ခုနှစ်၏ ကီလိုဂရမ် ၁၂.၄၂ သန်းမှ ၂၀၃၀ ခုနှစ်တွင် ကီလိုဂရမ် သန်း ၅၀ သို့ တိုးမြင့်တင်ပို့နိုင် ရန်ဖြစ်ကြောင်းပြောကြားခဲ့သည်။ Fuzhou Benny Tea Industry Company Limited ၏ ဥက္ကဌ Zhang Chaobin နှင့် ကင်ညာနိုင်ငံ၏ မြို့တော်နိုင်ရိုဘီတွင် တွေ့ဆုံပြီးနောက် အဆိုပါ ထုတ်ပြန် ချက်ကို ထုတ်ပြန်ခဲ့ခြင်းဖြစ်သည်။ ထို့တွေ့ဆုံမှုသည် တရုတ်လက်ဖက်စျေးကွက်တွင် ကင်ညာ၏ တည်ရှိမှုကိုကြီးထွားလာစေရန်နှင့် အာရှသို့တိုးမြင့်တင်ပို့ရန်ကြိုးပမ်းမှု၏ တစ်စိတ်တစ်ပိုင်းဖြစ် ကြောင်း Kagwe ကပြောကြားခဲ့သည်။

Source : Xinhua

DOCA(ရန်ကုန်)