မအူပင်မြို့ တရုတ်လပ်ကျေးရွာ မူလွန် ကျောင်းတွင် စားသုံးသူကာကွယ်ပေးရေး အသိပညာပေး ဟောပြောပွဲ ကျင်းပပြီးစီး

Powered by Drupal

          ဧရာဝတီတိုင်းဒေသကြီး၊ စားသုံးသူရေးရာဦးစီးဌာန၊ မအူပင်ခရိုင်၊ မအူပင်မြို့နယ်တာဝန်ခံဦးအောင်ဇော်ဦး(ဦးစီးမှူး)သည် တရုတ်လပ်ကျေးရွာ မူလွန် ကျောင်းတွင် ကျောင်းသူ၊ ကျောင်းသား၊ ဆရာ/ဆရာမ စုစုပေါင်း(၁၂၇)ဦးအား (၄.၇.၂၀၂၂) ရက်နေ့နံနက် (၁၀:၃၀) နာရီမှ (၁၂:၀၀) နာရီချိန်ထိ မိတ်ဖက်ဌာနများနှင့်အတူ ပူးပေါင်း၍ စားသုံးသူကာကွယ်ရေး အသိပညာပေး ဟောပြောပွဲ ကျင်းပပြုလုပ်ခဲ့ကြပါသည်။

          အဆိုပါဟောပြောပွဲတွင် မိတ်ဖက်ဌာနများမှ ၎င်းတို့နှင့် သက်ဆိုင်သော တစ်ကိုယ်ရည်သန့်ရှင်းရေးနှင့် ကလေးလူငယ်များ စာပေရသများ ဖတ်ရှုရေး အသိပညာပေး ဟောပြောခဲ့ကြပါ သည်။

          ဆက်လက်၍ မအူပင်မြို့နယ်တာဝန်ခံက စားသုံးသူကာကွယ်ပေးရေးဥပဒေပါ စားသုံးသူ၏ အဓိပ္ပါယ်အကြောင်း၊ စီးပွားရေးလုပ်ငန်းရှင်၏ အဓိပ္ပါယ်အကြောင်း၊ ကုန်စည် (သို့) ဝန်ဆောင်မှု၏အဓိပ္ပါယ် နှင့် ကုန်အညွှန်း အမှတ်အသားဖော်ပြခြင်းအကြောင်းများ စားသုံးသူရေးရာဦးစီးဌာန ၏ လုပ်ငန်းဆောင်ရွက်ချက်များအကြောင်းကို ရှင်းလင်းဟောကြားပြီး၊ စားသုံးသူတို့သည် ကုန်စည် (သို့) ဝန်ဆောင်မှုနှင့် စပ်လျဉ်း၏ ဝယ်ယူအသုံးပြရာ၌ နစ်နာဆုံးရှုံးမှုရှိလာပါက စားသုံးသူရေးရာဦးစီးဌာနသို့ တိုင်ကြားနိုင်ကြောင်းကို အကျယ်တဝင့် ရှင်းလင်းဟောပြောပြီး ကျောင်းသူ/သားများမှ သိရှိလိုသည်များ မေးမြန်းမှုကို ပြန်လည်ရှင်းလင်းဖြေကြားခဲ့ကြောင်း သတင်းရရှိပါသည်။

DOCA(ဧရာဝတီ)