အမေရိကန်နိုင်ငံ၏ ဧပြီလ Ford ကားများ ရောင်းအားသည် ၁၆ ရာခိုင်နှုန်းအထိမြင့်တက်ခဲ့

Powered by Drupal

     Ford Motor ကုမ္ပဏီမှ သတင်းထုတ်ပြန်ချက်အရ ၂၀၂၅ ခုနှစ် ဧပြီလ အမေရိကန်နိုင်ငံ အတွင်း Ford ကားအသစ်များ၏ ရောင်းအားသည် ၂၀၂၄ ခုနှစ် ဧပြီလကရောင်းချခဲ့‌ရသော ကား အစီးရေ ၁၇၉၅၈၈ စီးထက်ကျော်လွန်၍ အစီးရေ ၂၀၈၆၇၅ စီး တိုးမြင့်ရောင်းချခဲ့ရပြီး တစ်နှစ် ထက်တစ်နှစ် ၁၆ ရာခိုင်နှုန်းသို့ မြင့်တက်လာခဲ့ကြောင်းသိရသည်။ Ford ကုမ္ပဏီသည် ၎င်း၏ “From America, For America” လျှော့စျေးကမ်းပိန်ကြောင့် မြင့်တက်လာသည်ဟု မှတ်ချက်ပြုခဲ့ ပြီးတင်သွင်းသည့် မော်တော်ယာဉ်များအပေါ် ၂၅ ရာခိုင်နှုန်းအခွန်ကောက်ခံမှု၏ အပျက်သဘော ဆောင်သော သက်ရောက်မှုကိုတန်ပြန်ရန်အတွက် မော်တော်ယာဉ်တစ်စီးလျှင် အမေရိကန်ဒေါ် လာ ၂၀၀၀ မှ ၁၀၀၀၀ အထိ ချွေတာပေးသွားမည်လည်းဖြစ်သည်။ ထိုကမ်ပိန်းအား ဇူလိုင်လ ၄ ရက်နေ့အထိလုပ်ဆောင်သွားမည်ဖြစ်သည်။ အတိအကျအားဖြင့် Ford ၏ ဧပြီလ ဟိုက်ဘရစ်များ အပါအဝင် လျှပ်စစ်ကားများရောင်းချမှုသည် ၈.၄ ရာခိုင်နှုန်းသို့ ၂၈၁၉၀ စီးအထိ မြင့်တက်ခဲ့သည်။ ထရပ်ကားရောင်းချရမှုမှာ ယခင်နှစ်ကထက်အစီးရေ ၁၁၆၉၅၅ စီး ရောင်းချခဲ့ရပြီး ၁၉ ရာခိုင်နှုန်း မြင့်တက်ခဲ့သည်။ Ford ပစ်ကပ် ရောင်းချမှုမှ ၂၃ ရာခိုင်နှုန်းနှင့် Ford SUV ရောင်းအားမှာ ၁၀ ရာခိုင်နှုန်းမြင့်တက်ခဲ့သည်။ ဂတ်စ်နှင့်ဒီဇယ်ပါဝါသုံးကားများသည် ဧပြီလ US ရောင်းချရမှု၏ ၈၆ ရာခိုင်နှုန်းခန့်ရှိသည်။ Toyota Motor ၏ မြောက်အမေရိက ယူနစ်သည်လည်း ရောင်းအား ၂၃.၅ ရာခိုင်နှုန်းမြင့်တက်ခဲ့ကြောင်း သိရသည်။

 

Source : Xinhua     

DOCA(ရန်ကုန်)